Monday, December 24, 2018

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ချင်းပြည်နယ် မြို့ နယ်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





 နေပြည်တော် ဒီဇင်ဘာ ၂၃



နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ချင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
စံချိန်စံòန်းနှင့်အညီ ဆောင်ရွက်
ဒီဇင်ဘာ ၂၁ ရက်တွင် ဖလမ်းမြို့နယ် အတွင်း ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော အိုင်ကွန် - အိုင်ရ်ဘွာလ်- ကြောင်ဟွေ့- ကော့ဆဲ မြေလမ်း(၃၉/ဝ)မိုင် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လမ်းအရည် အသွေးကောင်းမွန်စေရေး၊ သတ်မှတ် စံချိန်စံòန်းနှင့်အညီ စေတနာထား ကြိုးပမ်း အကောင်အထည်ဖော်ဆောင် ရွက်သွားရန် မှာကြား၍ လမ်းကြောင်း တစ်လျှောက် မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဖလမ်းမြို့သို့ ရောက်ရှိပြီး ဒေသခံမြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၂၂ ရက်တွင် ထန်တလန်မြို့နယ် သီကီရ် (ခ) ကျေးရွာသို့ ရောက်ရှိပြီး နယ်စပ် ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောင် ရွက်နေသော သီကီရ်-သဘာဝဥယျာဉ် သွားလမ်း မြေလမ်း (၁၃/၄) မိုင်အနက် ဆောင်ရွက်ပြီးစီးခဲ့သော မြေလမ်း (၆/၄) မိုင်ကို ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် သီကီရ်ကျေးရွာတွင် ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး သီကီရ်ကျေးရွာ တိုးချဲ့တည် ဆောက်ရေးအတွက် လမ်း၊ ရေ၊ တန်ဖိုး နည်းအိမ်ရာ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနလက် အောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက် ရေး(၃) မှ တာဝန်ယူတည်ဆောက်ပြီးစီး ခဲ့သော သီကီရ်ရေလှောင်တမံသို့ သွား ရောက်ကြည့်ရှုခဲ့ပြီး အဆိုပါရေလှောင် တမံမှ သီကီရ်ဒေသအတွင်းရှိ ကျေးရွာ ၁၁ ရွာ ရေပေးဝေရေးကိစ္စရပ်များအပေါ် မှာကြားခဲ့သည်။
ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့မှတစ်ဆင့် ဝေဘူလမြို့သို့ ရောက်ရှိပြီး ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
ကျန်ရှိသည့်မြေလမ်းများ ဆောင်ရွက်မည်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃ ရွာကိုအကျိုးပြုမည့် အရှည် (၃၉/ဝ)မိုင်ရှိ အိုင်ကွန်- အိုင်ရ်ဘွာလ်-ကြောင်ဟွေ့-ကော့ဆဲလမ်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်တွင် မြေလမ်း (၁၃/ဝ) မိုင်၊ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း(၁၃/ဝ)မိုင်နှင့် ၂ဝ၁၈-၂ဝ၁၉ ပထမ(၆)လဘဏ္ဍာနှစ်တွင် မြေလမ်း (၂/ဝ) မိုင် စုစုပေါင်း လမ်းမိုင်(၂၈/ဝ)မိုင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဒုတိယ (၁၂)လ ဘဏ္ဍာနှစ်တွင် မြေလမ်း (၅/ဝ) မိုင်နှင့် ကျန်ရှိသည့် မြေလမ်း (၆/ဝ) မိုင်တို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment