Monday, December 24, 2018

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲလာမှုများကို နှိုင်းယှဉ်လေ့လာနိုင်ရန် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည်





Image may contain: 3 people, people sitting, table and indoor
 နေပြည်တော် ဒီဇင်ဘာ ၂၃ 



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၂ဝ၁၈ ခုနှစ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်အဖြစ် တိုးချဲ့ဖွင့်လှစ်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံသို့ လာရောက်လိုသည့် နိုင်ငံခြားသားများအား အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ မြန်မာ-ထိုင်းနယ်စပ် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ ထွက်ဂိတ်များမှ နိုင်ငံကူးလက်မှတ်၊ သတ်မှတ်ဗီဇာများဖြင့် ဝင်၊ ထွက် သွားလာ ခွင့်ပြုလျက်ရှိရာ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှစ၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် တမူး-မိုရေး၊ ရိဒ်ခေါဒါ - ဇိုခေါသာတို့ကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် များအဖြစ် သတ်မှတ်၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသားများ၊ အခြားနိုင်ငံသားများ အား နိုင်ငံကူးလက်မှတ်၊ e-Visaတို့ဖြင့် ဝင်၊ ထွက် ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညောင်ဦးလေဆိပ် တွင် လည်းကောင်း၊ ပြည်ပ စင်းလုံးငှား လေယာဉ်ခရီးစဉ်များ ဆင်းသက်နိုင်ရေး အတွက် မြိတ်လေဆိပ်တွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးနိုင်ရေးအတွက်MRTDs စက်ပစ္စည်းများတပ်ဆင်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက် အရ ယခုအခါ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သော ဂျပန်နှင့် တောင် ကိုရီးယားနိုင်ငံသားများနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖြစ်သည့် မကာအို၊ ဟောင်ကောင်တို့မှ ကမ္ဘာလှည့်ခရီးသည်များအား ဗီဇာကင်းလွတ်ခွင့် ဖြင့် လည်းကောင်း၊ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား ဆိုက်ရောက် ဗီဇာဖြင့် လည်းကောင်း ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍ အပြည်ပြည် ဆိုင်ရာ လေဆိပ်သုံးခုနှင့် နယ်စပ် ဝင်၊ ထွက်ပေါက်များတွင် ဝင်ရောက်ခွင့် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ယခုလ ၁ ရက်မှစ၍ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခွင့်ပြုနိုင်ခဲ့ပါ ကြောင်း၊ ဆိုက်ရောက်ဗီဇာနှင့် e-Visa ခွင့်ပြုနိုင်ငံများကိုလည်း တိုးချဲ့ခွင့်ပြုပေးခဲ့ရာ ယခုနှစ်အတွင်း ရုရှား၊ ယူကရိန်း၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံများကိုလည်း တိုးချဲ့ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနှင့် လာအို နိုင်ငံနယ်စပ်ဖြစ်သည့် ကျိုင်းလပ်-စီအင်ကောက် နယ်စပ် ဝင်၊ ထွက်ပေါက်အား ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံထပ်မံ ညှိနှိုင်းပြီးပါက အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အစိုးရက ဦးဆောင်ဦးရွက်ပြု ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မိမိတို့ဌာနမှ လည်း တောင်ပြိုလက်ဝဲနှင့် ငါးခူရတို့၌ ပြန်လည်လက်ခံရေးစခန်းနှစ်ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်လက်ခံမည့်သူများသည် ယခင်က မြန်မာနိုင်ငံ တွင် နေထိုင်ခဲ့ဖူးသူများ ဟုတ်၊ မဟုတ် မှန်ကန်မှု ရှိ၊ မရှိကို မိမိတို့ဌာနမှ ယခင် မှတ်တမ်းမှတ်ရာများနှင့် ခေတ်မီနည်းပညာများအသုံးပြု စိစစ်ဆောင်ရွက်လျက်ရှိရာ ¤င်းစာရင်းဇယားများ မှန်ကန်စွာ စိစစ်ပြန်ကြားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှ စတင်ခဲ့သော်လည်း နိုင်ငံတကာ၏ ဖိအားများ ကြောင့် လုပ်ငန်းစဉ်နှောင့်နှေးကြန့်ကြာပြီး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက် ရာတွင် ၂ဝ၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၁ဝ)နှစ်ပြည့် ၅၇၁၁၄၆ ဦး၊ အသက်(၁၈)နှစ်ပြည့် ၅၅၄၃၆၇ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၅၄၅၂၉ ဦး စုစုပေါင်း ၁၄၈ဝဝ၄၂ ဦးကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်း၍ ထုတ်ပေး နိုင်ခဲ့ပါကြောင်း။
အဘက်ဘက်က လေ့လာသုံးသပ်ဆောင်ရွက်နေ
ထို့အပြင် ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် စုစုပေါင်း ၆၆၈၃၆ ဦး အား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံလက်မှတNV Card ထုတ်ပေးပြီးဖြစ်၍ နိုင်ငံသားစိစစ်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ e-Government စနစ်အတွက် အခြေခံအကျဆုံးသော လုပ်ငန်းဖြစ်သည့်eID စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ရာ ယင်းလုပ်ငန်းသည် လူတစ်ဦးချင်းစီအား Biometric Data ရယူပြီး Unique နံပါတ်တစ်ခုစီပေးမည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ရရှိတဲ့ UID ကိုအသုံးပြုပြီး မှတ်ပုံတင် Smart Card အပါအဝင် အခြားသောဌာနများ၏ ဝန်ဆောင်မှုများကို ဆက်လက် ရယူဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယင်းလုပ်ငန်းသည် ငွေကုန်ကြေးကျများပြီး ကြီးမား ကျယ်ပြန့်သည့်အတွက် အဘက်ဘက်က လေ့လာသုံးသပ်ဆောင်ရွက်နေပါကြောင်း၊ ပြည်သှူအင်အားစာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ခဲ့သည့် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ကာလအတိုင်း အစီရင်ခံစာများ ပြုစုထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် သန်းခေါင်စာရင်းအစီရင်ခံစာများ ဖြန့်ဝေခြင်းနှင့် သန်းခေါင်စာရင်း အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများကို တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီး၌ အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကြီး မကောက်မီ ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၂၄ ခုနှစ် ကြားကာလမှာရှိသည့် မြန်မာနိုင်ငံ၏လူဦးရေ၊ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်နှင့် ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်း အချက်အလက်များ၏ ပြောင်းလဲလာမှုများကို နှိုင်းယှဉ်လေ့လာနိုင်ရန်အတွက် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ပါကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်းသည် နေရာအားလုံးကို ကောက်ယူမည် မဟုတ်ဘဲ နမူနာရွေး၍ ကောက်ယူသွားမည်ဖြစ်သဖြင့် လုပ်ငန်းဆိုင်ရာ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ယခု အစည်းအဝေးတွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ လုပ်ငန်းဆိုင်ရာအခက်အခဲနှင့် လိုအပ်ချက် များ၊ ဖြည့်ဆည်းပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရန် တိုက်တွန်း ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြ
ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
အစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက်အထိ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment