Monday, December 24, 2018

မွေးမြူရေးထွက်ပစ္စည်းများ စံသတ်မှတ်ရေးနှင့် မွေးမြူရေးဆိုင်ရာ အလုပ်သမား စံသတ်မှတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် အကောင်အထည်ဖော်





Image may contain: one or more people
 နေပြည်တော် ဒီဇင်ဘာ ၂၃



အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း များ တင်သွင်း၊ တင်ပို့ခြင်းတွင် အဟန့်အတားဖြစ်စေသည့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကင်းရှင်းပပျောက်စေရန် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO)၊ အာဆီယံအသားကဏ္ဍလုပ်ငန်းအဖွဲ့ စသည်တို့နှင့် ယခုထက်ပို၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂ဝ ရက် နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂ဝ၁၈ ခုနှစ် ဘဏ္ဍာနှစ်လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုနှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြား သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဂျီဒီပီတွက်ချက်ရာတွင် အရေးပါသည့် မြေပြင်တိရစ္ဆာန် ကောင်ရေ စာရင်းကောက်ယူခြင်း၊ စာရင်းသွင်းခြင်း စသည့် တိရစ္ဆာန်ကောင်ရေစာရင်းပြုစုခြင်းလုပ်ငန်းသည် စီမံကိန်းများ ရေးဆွဲခြင်းနှင့် မူဝါဒများ ချမှတ်ခြင်းတို့တွင်လည်း များစွာအသုံးဝင်မည်ဖြစ်သည့်အတွက် တိကျမှန် ကန်စွာဖြင့် သတ်မှတ်ကာလတွင် ထုတ်ပြန်ပေးနိုင်ရေး အားထုတ်ကြိုးပမ်းကြသကဲ့သို့ အခြားတစ်ဖက်တွင်လည်း အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိရေး၊ မွေးမြူရေးထွက်ပစ္စည်းများ စံသတ်မှတ်ရေးနှင့် မွေးမြူရေးဆိုင်ရာ အလုပ်သမားစံ သတ်မှတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် အကောင်အထည် ဖော် ဆောင်ရွက်ကြစေလိုကြောင်း။
အလားတူ သုတေသနလုပ်ငန်းများအနေဖြင့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင် ရေးနှင့် ဖတ်ကြားတင်ပြပြီးဖြစ်သည့် သုတေသနစာတမ်းများကို အခြေခံပြီး လက်တွေ့ နယ်ပယ်တွင် အကျိုးရှိ ထိရောက်စွာအသုံးပြုနိုင်ရေး၊ သုတေသနဓာတ်ခွဲခန်းများနှင့် အရည်အသွေးစစ်ဆေးပေးသည့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးကို စီမံချက် များ ရေးဆွဲပြီး နှစ်အလိုက်ဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်း တင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက် မှာကြားသည်။
အသားတိုးနွားမွေးမြူရေးနှင့် ပတ်သက်၍ ကျွဲ၊ နွားများ တရားဝင် တင်ပို့ခြင်း ကြောင့် ကောင်ရေလျော့နည်းခြင်း မဖြစ်စေရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဒေသနွား၊ နို့စားနွား၊ ကျွဲနှင့် နွားနောက် မွေးမြူရေးစီမံချက်များ ချမှတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရောဂါကာကွယ်မှုဆိုင်ရာ လုပ်ငန်းများအနေဖြင့် တိရ္ဆာန်မှ လူသို့ ကူးစက်တတ်သော ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် One Health Approach အဖြစ် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ခြင်း၊ ပဋိဇီဝဆေးခုခံ ကာကွယ်ထိန်းချုပ်ခြင်းများ၊ ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် တိရစ္ဆာန်ကူးစက် ရောဂါများ ကာကွယ်ထိန်းချုပ်ရန်အတွက် ဦးစီးဌာနမှ ကာကွယ်ဆေးများ ထုတ်လုပ်ပြီး ထိုးနှံဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရန် အတွက် ပြည်သူလူထု အသိပညာပေးခြင်းလုပ်ငန်းများ၊ သတင်းမီဒီယာများတွင် ပြည်သူလူထုအသိပညာပေးခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment