Monday, December 3, 2018

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး လာမည့်နှစ်အစောပိုင်းတွင် ကျင်းပရန် မျှော်လင့်

Image may contain: 1 person, standing and suit
ဝါရှင်တန် ဒီဇင်ဘာ ၂
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် လာမည့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ယနေ့သတင်းများအရ သိရသည်။
ယင်းသို့တွေ့ဆုံမှုသည် သမ္မတ ဒေါ်နယ်ထရန့်နှင့် ခေါင်းဆောင်ကင်ဂျုံအန်တို့၏ ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ¤င်းတက်ရောက် ခဲ့သော ဂျီ-၂ဝ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည့် အာဂျင်တီးနားနိုင်ငံမှ ပြန်လာချိန်တွင် အမေရိကန်နှင့် မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးကျင်းပရန် အဲဖို့ဒ်ဝမ်းလေယာဉ်ပေါ်တွင် မီဒီယာသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်သို့ ခေါင်းဆောင်ကင်ဂျုံအန်အား ဖိတ်ခေါ်ရ သည့် အကြောင်းရင်းများနှင့် စပ်လျဉ်း၍လည်း ပြောကြား ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် လုံးဝကင်းစင်ပပျောက်ရေးဆိုင်ရာ နှစ်နိုင်ငံ အယူအဆ ကွဲပြားခြားနားမှုများသည် လာမည့်နှစ်တွင် ကျင်းပမည့် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို မည်သည့်နေရာနှင့် မည်သည့်နေ့ရက်တွင် ကျင်းပမည်ဆိုသည့် ဆုံးဖြတ်ချက် ချမှတ်မှုအပေါ် အဟန့်အတား ဖြစ်စေသည်။
နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို ယခုနှစ်ကုန်ပိုင်း တွင် ကျင်းပရန် ယခင်က စီစဉ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment