Tuesday, December 4, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ချန်းဟောင်အား လက်ခံတွေ့ဆုံ

Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် ဒီဇင်ဘာ ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ချန်းဟောင်အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတွင် ယူနန်ပြည်နယ်သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် နယ်စပ်ဒေသ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်စေရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment