Wednesday, December 26, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးရှိ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းသို့ သွားရောက်အားပေး






ရန်ကုန် ဒီဇင်ဘာ ၂၅ 




 ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းနှင့် ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းများသို့ ရောက်ရှိပြီး သင်တန်းသားများကို တွေ့ဆုံ အားပေးသည်။
ရှေးဦးစွာ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်း ကျောင်းအုပ်က သင်တန်းနှင့်ပတ်သက်၍ တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးရာ လက်ရှိတွင် ဤသင်တန်းကျောင်းမျိုးသည် မြန်မာနိုင်ငံတွင် တစ်ခုတည်း သာ ရှိသေးပြီး အကန့်အသတ်ဖြင့် လက်ခံသင်ကြားနေရသည်ကိုသိရှိရကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်အဂ¯မသန်စွမ်းသူများစွာရှိကြောင်း၊ မသန်စွမ်းများ ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် မျှမျှတတခံစားရမှုရရှိရန်လိုအပ်ကြောင်း၊ မသန်စွမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရန် ၄င်းတို့၏စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် လေ့ကျင့်သင်ကြားပေးနိုင်သော ကျောင်းများ မှာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လိုအပ်လျက်ရှိပါကြောင်း၊ မသန်စွမ်းများထံ သတင်းအချက်အလက်များရောက်ရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အီလက်ထရွန်နစ် သင်တန်းလေ့ကျင့်သင်ကြားနေမှုကို လိုက်လံ ကြည့်ရှုအားပေးသည်။ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတွင် ကွန်ပျူတာ သင်တန်း၊ အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း၊ ခေတ်မီဆံသသင်တန်း၊ ဓာတ်ပုံရိုက် နှင့် တံဆိပ်ရိုက် သင်တန်းများ ပို့ချလျက်ရှိပြီး သင်တန်းတစ်ကြိမ်လျှင်သုံးလ၊ တစ်နှစ် လျှင် သုံးကြိမ်ဖြင့် တစ်နိုင်ငံလုံးရှိမသန်စွမ်းများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး ဖုန်း ဝ၁- ၉၆၆၁၇၁၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရှိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသားများနှင့်တွေ့ဆုံကာ လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် ကြိုးစားဆောင်ရွက်ရန် ပြောကြားပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားများကို အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment