Wednesday, December 26, 2018

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့၏ သစ်တောစိုက်ခင်းများစစ်ဆေး





Image may contain: 3 people, people standing, plant, sky, mountain, outdoor and nature
 နေပြည်တော် ဒီဇင်ဘာ ၂၅



သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာ ၂၂ ရက်က သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈၇/၆) အနီး အိုင်တုံကွန်းကြိုးဝိုင်း အကွက်အမှတ် (၇၇)အတွင်းရှိ ရဲနွယ် သစ်တောပျိုးဥယျာဉ်အတွင်း စိုက်ပျိုးတည်ထောင်ထားသော ဝါးစိုက်ခင်း ၁ ဒသမ ၅ ဧကနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုး ထားသည့် စမ်းသပ်စိုက်ခင်း တစ်ဧကတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် သာယာဝတီခရိုင် မင်းလှ မြို့နယ်နှင့် ပဲခူးခရိုင် ကျောက်တံခါး မြို့နယ်တို့ ဆက်သွယ်ထားသော မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း ပဲခူးရိုးမဖြတ် လမ်း မိုင်တိုင်အမှတ် (၁၆/၄)အနီး မုက္ခာကြိုးဝိုင်း အကွက်အမှတ်(၅ဝ)အတွင်းရှိ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး ၁ဝ နှစ် စီမံကိန်းအရ ၂ဝ၁၇ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသော စီးပွား ရေးကျွန်း(၁/၂ဝ၁၇) ဧက ၁ဝဝ စိုက်ခင်းကို လည်းကောင်း၊ ၂ဝ၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင် ထားသော စီးပွားရေးကျွန်း (၁/၂ဝ၁၈) ဧက ၁၂၅ စိုက်ခင်းနှင့် စိုက်ခင်း အတွင်း တောင်ယာမီးရှို့ခြင်းမရှိသောနည်းစနစ်(Zero Burning)ဖြင့် စမ်းသပ် စိုက်ပျိုးထားသော ကျွန်း စိုက်ခင်း ငါးဧက၊ ကျွန်းနှင့်ပျဉ်းကတိုး သစ်မျိုး ရောနှောစိုက်ပျိုးထားသော ဧက ၃ဝ တို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
စတင်ဖွင့်လှစ်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီခရိုင် မင်းလှမြို့နယ် မင်းလှ-စိန်ကန့်လန့်-မြို့ချောင်းလမ်း မိုင်တိုင်အမှတ်(၈/၆) မုက္ခာဆည်အနီးတွင် တည်ရှိသော မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားစခန်းတစ်ခုဖြစ် သည့် မုက္ခာရေတံခွန်ဆင်စခန်းအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ အဆိုပါဆင်စခန်းမှာ မင်းလှမြို့နယ် မုက္ခာကြိုးပြင် ကာကွယ်တောအတွင်း ကျရောက်ကာ ဆင်စခန်းဧရိယာနှင့် ဆင် စားကျက်ဧရိယာ စုစုပေါင်း ဧက ၁၄ဝ ကျယ်ဝန်းပြီး ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် ကြေးနီချောင်းကြိုးဝိုင်း အကွက်အမှတ် (၉၄)အတွင်း မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီဒေသ၊ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားလုပ်ငန်းမှ ၂ဝ၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင် ထားသည့် စီးပွားရေးကျွန်းစိုက်ခင်း (၁/ ၂ဝ၁၈) ဧက ၅ဝ ကို ကြည့်ရှု စစ်ဆေးသည်။
စိုက်ပျိုးတည်ထောင်
ဒီဇင်ဘာ ၂၃ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦး မြို့နယ်အတွင်းရှိ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ်(၃၁)အတွင်း သစ်တော ဦးစီးဌာနမှ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး ၁ဝ နှစ် စီမံကိန်းအရ ၂ဝ၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွား ရေးစိုက်ခင်း (၂/၂ဝ၁၈) ဧက ၅ဝ စိုက်ခင်းကို လည်းကောင်း၊ ကောလိယ ကြိုးဝိုင်း အကွက်အမှတ် (၃၈/၃၉)အတွင်း ၂ဝ၁၇ ခုနှစ် မိုးရာသီတွင် စိုက်ပျိုး တည်ထောင်ထားသည့် စီးပွားရေး ကျွန်းစိုက်ခင်း(၁/၂ဝ၁၇)ဧက ၁၅ဝ ကို လည်းကောင်း၊ ကောလိယကြိုးဝိုင်း အကွက်အမှတ် (၃၈)အတွင်း ဝါးဘိုးဝါး စမ်းသပ်စိုက်ခင်းကို လည်းကောင်း၊ ကောလိယကြိုးဝိုင်း အကွက်အမှတ် (၃၈)အတွင်း ၂ဝ၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွား ရေးစိုက်ခင်း (၁/၂ဝ၁၈) ဧက ၁ဝဝ စိုက်ခင်းကို လည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁ဝ၅) အနီး မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားစခန်းတစ်ခုဖြစ် သည့် မှော်ယောကြီးဆင်စခန်းအနီး အိုင်တုံကွန်းကြိုးဝိုင်း အကွက်အမှတ် (၁၃)အတွင်း မြန်မာ့သစ်လုပ်ငန်း ပဲခူးဒေသ၊ ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ၂ဝ၁၈ ခုနှစ် မိုးရာသီ တွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေးကျွန်းစိုက်ခင်း (၁/၂ဝ၁၈)ဧက ၅ဝ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment