Wednesday, November 7, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်Warrix အားကစား ကုမ္ပဏီ ဂျာစီစပွန်ဆာစာချုပ်ချုပ်ဆို

Image may contain: 4 people, people smiling, people standing and suit
ရန်ကုန် နိုဝင်ဘာ ၆
မြန်မာ့လက်ရွေးစင်အသင်းနှင့် လူငယ်လက်ရွေးစင် အသင်းများအတွက် ဂျာစီစပွန်ဆာပေးမည့် ထိုင်း နိုင်ငံမှWarrix အားကစားကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ စပွန်ဆာစာချုပ်ချုပ်ဆိုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပသည်။
Warrix အားကစားကုမ္ပဏီသည် မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်အား ဂျာစီနှင့် ငွေသားအပါအဝင် စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၆၇ တန်ကြေးရှိ ခြောက်နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ် သက်တမ်းမှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြား ပြီး Warrix အားကစားကုမ္ပဏီအမှုဆောင်အရာရှိ ချုပ် Mr.Wisan က အမှာစကားပြောကြားသည်။
ဆက်လက်၍ စပွန်ဆာ စာချုပ်ချုပ်ဆိုကြပြီး ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှတ်တရ လက်ဆောင်ပေး အပ်သည်။ ယင်းနောက် Warrix အားကစား ကုမ္ပဏီက ဂျာစီလက်ဆောင်ပေးအပ်ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ် ထွန်းက လက်ခံရယူပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တက်ရောက်လာသည့် မီဒီယာများ၏ သိလိုသည် များကို မေးမြန်းရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊Warrix အားကစားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mr.Wisan တို့က ပြန်လည်ဖြေကြားသည်။Warrix အားကစားကုမ္ပဏီသည် လက်ရွေးစင်အသင်းအနေ ဖြင့် အာဆီယံထိပ်သီး ထိုင်းနှင့် မြန်မာအသင်းတို့ကို ဂျာစီစပွန်ဆာပေးထားပြီး အရှေ့တောင်အာရှနိုင်ငံ များမှ ကလပ်အသင်းများကိုလည်း စပွန်ဆာပေးထား သည်။ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း၏ ဂျာစီမိတ်ဆက်ပွဲကို ယနေ့ညပိုင်းတွင် မြန်မာ ပလာဇာ၌ ကျင်းပခဲ့ပြီး မန္တလေးမြို့၌လည်း ထပ်မံ ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ၂ဝ၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် စတင်ဝတ်ဆင်ကစားမည်ဖြစ်ပြီး အမျိုးသမီး လက်ရွေးစင်အသင်းမှာမူ ၂ဝ၂ဝ အိုလံပစ်ခြေစစ်ပွဲ တွင် ဝတ်ဆင်ကစားမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment