Wednesday, November 7, 2018

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းတွင် အမ်ဘတ်ပီ ထိပ်ဆုံးကရပ်တည်နေ

Image may contain: 1 person
ပြင်သစ်နဲ့ ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ အဲဒါဟာစီအိုင်အီးအက်စ် ဘောလုံး စောင့်ကြည့်ရေး အဖွဲ့က တွက်ချက်ခဲ့တာဖြစ်ပြီး တိုက်စစ်မှူး အမ်ဘတ်ပီဟာ တိုက်စစ်မှူး ဟယ်ရီကိန်းကိုပင် ကျော်ဖြတ်ကာ ထိပ်ဆုံးကနေရပ်တည်နေခဲ့
တာဖြစ်ပါတယ်။ အမ်ဘတ်ပီဟာ အခုနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၁ ပွဲ ကစားအပြီးမှာ ၁၃ ဂိုးသွင်းယူပေးထားပြီး
လွန်ခဲ့တဲ့ ၄၅ နှစ်တာကာလအတွင်း ပြင်သစ်ပထမတန်းပြိုင်ပွဲမှာ သွင်းဂိုး ၄ဝ အထိ သွင်းယူနိုင်ခဲ့တဲ့ လူငယ် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘတ်ပီဟာ လက်ရှိမှာ ပေါင် ၁၈၉ ဒသမ ၃ သန်းတန်ဖိုးရှိခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ ဖလားမှာ ရွှေဖိနပ်ဆုရရှိခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်း ကတော့ ပေါင် ၁၇၂ ဒသမ ၅ သန်းနဲ့ ဒုတိယအများဆုံးရပ်တည်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပေါင် ၁၇၂ ဒသမ ၂ သန်းနဲ့ တတိယနေရာရရှိခဲ့ပြီး နေမာဟာ ၂ဝ၁၆ ခုနှစ်
တုန်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ချိန်ကတော့ ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တာပါ။ အခြားသော ကစားသမားတွေကတော့ လီဗာပူးတိုက်စစ်မှူး မိုဟာ မက်ဆာလာက ပေါင် ၁၅၁ ဒသမ ၁ သန်းနဲ့ အဆင့် ၄၊
ဘာစီလိုနာတိုက်စစ်မှူး ကော်တင်ဟိုက ပေါင် ၁၄၉ ဒသမ ၈ သန်းနဲ့ အဆင့် ၅၊ ဘာစီလိုနာတိုက်စစ်မှူး လီယွန် နယ်မက်ဆီက ပေါင် ၁၄၉ ဒသမ ၂ သန်းနဲ့ အဆင့် ၆၊ မန်စီးတီး တောင်ပံကစားသမား စတာလင်က ပေါင် ၁၄၃ ဒသမ ၉ သန်းနဲ့ အဆင့် ၇၊ မန်ယူတိုက်စစ်မှူး လူကာကူက ပေါင် ၁၄၃ ဒသမ ၇ သန်းနဲ့ အဆင့် ၈၊ စပါး ကွင်းလယ် ကစားသမားဒီလီအလီက ပေါင် ၁၄၂ ဒသမ ၉ သန်းနဲ့ အဆင့် ၉၊ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပေါင် ၁၃၇ ဒသမ ၉ သန်းနဲ့ အဆင့် ၁ဝ စသဖြင့် ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက အဆင့် ၆ နေရာက ရပ်တည်နိုင်ခဲ့ပေမယ့် ဂျူဗင်တပ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုကတော့ အဆင့် ၁ဝ အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။
နိုင်လင်းကြည်

No comments:

Post a Comment