Wednesday, November 7, 2018

အာဆီယံ Renewable Energy ပြိုင်ပွဲတွင် ပထမဆု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရရှိ

No automatic alt text available.
နေပြည်တော် နိုဝင်ဘာ ၆
အာဆီယံစွမ်းအင်ဆိုင်ရာ (ACE) က ကျင်းပသော Renewable Energy ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနက ပထမဆုရရှိခဲ့သည်။
၂ဝ၁၈ ခုနှစ်တွင် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာWinner Of ASEAN Energy Award (2018)ပထမဆုကို ထပ်မံရရှိခဲ့သဖြင့် အဆိုပါဆုကို အောက်တိုဘာ ၂၉ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပသည့် 36th AMEM ဆုပေးပွဲသို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တက် ရောက်၍ လက်ခံရယူခဲ့သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ဆည်များရှိ ရေပေးမြောင်းတစ်လျှောက် ရေကျအဆောက်အအုံများတွင် အသေးစား ရေအားလျှပ်စစ်တာဘိုင်စက်များ တီထွင်တပ်ဆင်ကာ အနီးရှိ ကျေးရွာများ သို့ လျှပ်စစ်မီးရရှိအောင် အကျိုးပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အာဆီယံစွမ်းအင်ဆိုင်ရာ (ACE)က ကျင်းပသောRenewable Energy ပြိုင်ပွဲသို့ ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ခုနစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆု ငါးဆုနှင့် တတိယဆု တစ်ဆု လက်ခံရရှိခဲ့ ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment