Wednesday, November 28, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကျင်းပသည့် K-Wind Soul Beat ကိုရီးယားရိုးရာ အနုပညာဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေး





Image may contain: 3 people
 နေပြည်တော် နိုဝင်ဘာ ၂၇


 

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ည ၇ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့နှင့် ၂ဝ၁၉ ခုနှစ်တွင် ကျရောက်မည့် ကိုရီးယား-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး နှစ် (၃ဝ) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကျင်းပ သည့် K-Wind Soul Beat ကိုရီးယားရိုးရာအနုပညာဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ¤င်းတို့၏ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံအမတ်ကြီးနှင့် သံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ည ၆ နာရီ ၅၅ မိနစ်တွင် ဖျော်ဖြေပွဲကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ သို့ ရောက်ရှိလာရာ ကိုရီးယားသံအမတ်ကြီးနှင့် ဇနီးတို့က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဖျော်ဖြေပွဲတွင် ကိုရီးယားသံအမတ်ကြီး H.E. Mr.Lee Sang-hwa က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကိုရီးယား သံအမတ်ကြီးနှင့် ဇနီးတို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဖျော်ဖြေ
ယင်းနောက် ကိုရီးယားအနုပညာရှင်များက ကိုရီးယားရိုးရာအနုပညာ အဆို၊ အက၊ အတီးတို့ဖြင့် ဖျော်ဖြေကြသည်။
သတင်းစဉ်

No comments:

Post a Comment