Wednesday, November 28, 2018

ဂျာမန်အမျိုးသားပေါင်းစည်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား နေပြည်တော်၌ ကျင်းပ







 နေပြည်တော် နိုဝင်ဘာ ၂၇


 မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ ကြီးမှူး ကျင်းပသည့် ဂျာမန်အမျိုးသားပေါင်းစည်း ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး၊ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဒေါက်တာ ရဲမြင့်ဆွေ၊ ဦးအောင်ထူးနှင့် ဦးကျော်လင်း၊ မြန်မာ နိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဂျာမနီနိုင်ငံ တော်သီချင်းများဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke-Wenzel နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တို့က အဖွင့်အမှာစကား ပြောကြားကြ သည်။
ယင်းနောက် တက်ရောက်လာကြ သည့် ဧည်သည်တော်များကို ဂျာမန် အမျိုးသားပေါင်းစည်းရေးနေ့ အထိမ်း အမှတ် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ သည်။
သတင်းစဉ်

No comments:

Post a Comment