Tuesday, November 27, 2018
နှစ်ဖက်ပြည်သူများအတွက် ဆောလျင်စွာ အကျိုးဖြစ်ထွန်းစေနိုင်မည့်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ ၂၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူH.E. Mr. Ning Jizheဦးဆောင်သည့်အဖွဲ့ဝင် ရှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်က ပေကျင်းမြို့၌ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ နှစ်ဖက် ပြည်သူများအတွက် ဆောလျင်စွာ အကျိုးဖြစ်ထွန်းစေနိုင်မည့်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှေ့လုပ်ငန်း အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(MSDP) ၏ လုပ်ငန်းအစီ အစဉ်များ၊ ဦးစားပေးအစီအစဉ်များနှင့် လျော်ညီစွာ ဆောင်ရွက်သွားရန်၊ နှစ်ဖက် ပြည်သူများ၏ ရေရှည်အကျိုးစီးပွား အတွက် အထောက်အကူဖြစ်စေရန်နှင့် ပြည်တွင်း လုပ်ထုံးလုပ်နည်းဥပဒေများနှင့် အညီ စနစ်တကျ တိကျမှန်ကန်စွာ ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
တက်ရောက်
ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment