Tuesday, November 27, 2018

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပ




နေပြည်တော်   နိုဝင်ဘာ   ၂၆
လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ         တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်        ဥပဒေကြမ်းပူးပေါင်း ကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D  ဆောင် ဒုတိယထပ် အစည်းဝေးခန်းမ၌ ကျင်းပသည်။   
အဆိုပါ   အစည်းအဝေးသို့  ပြည် ထောင်စုလွှတ်တော်     ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ   ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီဒုတိယ ဥက္ကဋ္ဌ၊  အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့်   အထူးကိစ္စ ရပ်များ    လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊   မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊      မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာများအသင်း၊ ပြည် ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။               
သတင်းစဉ်

No comments:

Post a Comment