Thursday, November 29, 2018

တရုတ်နိုင်ငံရှိ ဓာတုပစ္စည်းစက်ရုံအနီး ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၂၂ ဦး သေ၊ ၂၂ ဦး ဒဏ်ရာရ

Image may contain: sky and outdoor
ပေကျင်း နိုဝင်ဘာ ၂၈
၂ဝ၂၂ ခုနှစ်တွင် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကို လက်ခံကျင်းပမည့် တရုတ် နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့ရှိ ဓာတုလုပ်ငန်း စက်ရုံတစ်ရုံအနီးတွင် နိုဝင်ဘာ ၂၈ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂၂ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
မြို့တော်ပေကျင်း၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂ဝဝ ခန့်အကွာ ကျန်းကွေ့ကူမြို့၌ ဟီဘေဓာတုလုပ်ငန်းကုမ္ပဏီ၏ စက်ရုံအဝင် ဂိတ်ပေါက်အနီးတွင် ဓာတုပစ္စည်းတင် ကုန်တင် ယာဉ်တစ်စီး ပေါက်ကွဲမီးလောင်သဖြင့် မီးသတ် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ပေးခဲ့သည်။ ထို့အပြင် မီးကူးစက်လောင်ကျွမ်းခဲ့သည့် ကုန်တင်ယာဉ်များ နှင့် အခြားယာဉ်များကို မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ပေးခဲ့ကြသည်။
အဆိုပါ ပေါက်ကွဲမီးလောင်မှုကြောင့် ကုန်တင်ယာဉ် ၃၈ စီးနှင့် အခြားမော်တော်ယာဉ် ၁၂ စီးတို့ ကူးစက်လောင်ကျွမ်းခံခဲ့ရကြောင်း ဒေသ ဆိုင်ရာ ဝါဒဖြန့်ချိရေးဌာနက ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များကို ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ

No comments:

Post a Comment