Thursday, November 29, 2018

ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 1 person, table and indoor
စစ်တွေ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က အမှာစကား ပြောကြားသည်။
ယင်းနောက် အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အတွက် အရေးယူဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ၊ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သတင်းပေး တိုင်ကြားမှုများအပေါ် ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နေမှု၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြကြသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment