Wednesday, November 7, 2018

အမေရိကန်ကင်းထောက်လေယာဉ်ကို ရုရှားဂျက်တိုက်လေယာဉ်က ပင်လယ်နက်၏ ဝေဟင်အတွင်း ကြားဖြတ်ဟန့်တားခဲ့ရဟုဆို

No automatic alt text available.
မော်စကို နိုဝင်ဘာ ၆
ရုရှားလေတပ်မှ အက်စ်ယူ-၂၇ အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်းသည် ပင်လယ် နက်၏ ကောင်းကင်ယံ ဝေဟင်အတွင်း ရုရှား လေကြောင်းပိုင်နက်အနီးတွင် အမေရိကန် ရေတပ်မှ အီးပီ-၃ အီးအေးရိစ် အမျိုးအစား ကင်းထောက် လေယာဉ်တစ်စင်း ကို ကြားဖြတ်ဟန့်တားကာ လုံခြုံဘေးကင်းရာ သို့ စောင့်ရှောက်ပို့ဆောင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက် တွင် ပြောကြားသည်။
ထိုစဉ်အတွင်း အမေရိကန် ရေတပ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ပင်လယ်နက်၏ ကောင်းကင်ယံအတွင်း နိုင်ငံ တကာလေကြောင်း ပိုင်နက်တွင် ပျံသန်းနေ သည့် မိမိတို့၏ ကင်းထောက်လေယာဉ် တစ်စင်းကို နိုဝင်ဘာ ၅ ရက် အစောပိုင်းက ရုရှား ဂျက်တိုက်လေယာဉ်တစ်စင်းက ကြား ဖြတ်ဟန့်တားခဲ့ကြောင်း ယင်းကြေညာချက် တွင် ဖော်ပြသည်။
အမေရိကန်ရေတပ်မှ ကင်းထောက် လေယာဉ်သည် ရုရှားလေကြောင်း ပိုင်နက် အနီးသို့ ချဉ်းကပ်လာသည်ကို နိုဝင်ဘာ ၅ ရက် မော်စကို စံတော်ချိန် နံနက် ၁ဝ နာရီ တွင် စတင်တွေ့ရှိရပြီး အက်စ်ယူ-၂၇ အမျိုး အစား ဂျက်တိုက်လေယာဉ်က လုံခြုံစိတ်ချ ရသည့် အကွာအဝေးမှ စုံစမ်းမှုများ ပြုလုပ် ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ကိုးကား၍ ရုရှားသတင်း ဌာနများက သတင်းထုတ်ပြန်သည်။
ရုရှားထောက်လှမ်းရေး ယူနစ်များ၏ ဆက်သွယ် သတင်းပေးပို့ချက်အရ အက်စ် ယူ-၂၇ ဂျက်တိုက်လေယာဉ်က အမေရိကန် ကင်းထောက်လေယာဉ်ကို လုံခြုံရေးနှင့် ဘေးကင်းရေး လိုအပ်ချက်အားလုံးနှင့်အညီ ရုရှားလေကြောင်းပိုင်နက်မှ ထွက်ခွာစေရန် ပို့ဆောင်ပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သတိပေး
အမေရိကန် ကင်းထောက်လေယာဉ်ကို ရုရှားလေကြောင်းပိုင်နက်အနီး ပျံသန်းခြင်း မပြုရန် သတိပေးမှု ပြုလုပ်ခဲ့ပြီးနောက် အက်စ်ယူ ၂၇ ဂျက်တိုက်လေယာဉ်က ယင်း အခြေစိုက်စခန်းသို့ ဦးတည်ပျံသန်းခဲ့ကြောင်း၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာ ချက်တွင် ဖော်ပြသည်။
ဆင်ဟွာ

No comments:

Post a Comment