Wednesday, November 7, 2018

ဘင်ဖီကာလူငယ်ကစားသမား ရိုနယ်လ်ဒိုကာမာရာအားမန်ယူနှင့် ဘာစီလိုနာ ခေါ်ယူရန် အပြိုင်ကြိုးပမ်းမည်

Image may contain: 3 people, people smiling, outdoor
မန်ယူအသင်းနှင့် ဘာစီလိုနာအသင်းတို့သည် ဘင်ဖီကာအသင်းမှ အသက် ၁၅ နှစ် အရွယ်ရှိ ရိုနယ်လ်ဒိုကာမာရာအား ခေါ်ယူရန်အပြိုင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရိုနယ်လ်ဒိုကာမာရာသည် လက်ရှိတွင် ပေါ်တူဂီ အသက် ၁၇ နှစ်အောက်အသင်းတွင် ပါဝင် ကစားလျက်ရှိသော်လည်း ပေါ်တူဂီသတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ မန်ယူအသင်းနှင့် ဘာစီလိုနာအသင်းတို့မှာ ခေါ်ယူရန်အချိန်မတန်သေးသော်လည်း အဆိုပါကစားသမားအား ခေါ်ယူခွင့်ရရှိချိန်တွင် အပြိုင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကာမာရာသည် ၂ဝ၁၂ ခုနှစ်တွင် ကစားသမားဘဝကို စပို့တင်းလစ္စဘွန်းအသင်းတွင် စတင်ခဲ့ပြီး ဘင်ဖီကာအသင်းသို့ မပြောင်းရွှေ့မီက စပို့တင်းလစ္စဘွန်းအသင်းတွင် သုံးနှစ်ကြာ ပါဝင်ကစားခဲ့ကြောင်းလည်း သိရသည်။
ကာမာရာသည် ပြီးခဲ့သည့်လကုန်ပိုင်းက ဘင်ဖီကာအသင်းနှင့်အတူ အသက် ၁၉ နှစ်အောက် ယူအီးအက်ဖ်အေလူငယ်လိဂ်ပြိုင်ပွဲတွင် စတင်ပွဲထွက်ကစားခဲ့ရာ ဘင်ဖီကာအသင်း က အေဂျက်အသင်းကို သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ကွင်းလယ်တိုက်စစ်ကစားသမား ကာမာရာသည် ပေါ်တူဂီအသက် ၁၇ နှစ်အောက်အသင်း တွင် အခြားသောကစားသမားများထက် အသက်ငယ်ငယ်ဖြင့် ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်ဖြင့် စတင်ပွဲထွက် ကစားခွင့်ရရှိခဲ့သူလည်းဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment