Wednesday, November 7, 2018

ဆီးရီးယားနယ်စပ်ရှိ ကင်းစခန်းပေါင်း ၃ဝ ကိုအီရတ်တပ်ဖွဲ့များက သိမ်းပိုက်

Image may contain: one or more people, car and outdoor
ဘဂ္ဂဒက် နိုဝင်ဘာ ၆
အီရတ်တပ်ဖွဲ့များသည် နယ်စပ်ဒေသကိုဖြတ်ကျော်၍ ပထမဆုံးအကြိမ် စစ်ဆင်ရေး လုပ်ဆောင် လျက်ရှိပြီး ဆီးရီးယားနိုင်ငံ၏ နယ်စပ်ကင်းစခန်းပေါင်း ၃ဝ ကို သိမ်းယူနိုင်ခဲ့ကြောင်း ဒေသတွင်း ထုတ်ဝေသော သတင်းစာတစ်စောင်က နိုဝင်ဘာ ၆ ရက်တွင် ရေးသားဖော်ပြသည်။
စစ်ဆင်ရေးဆောင်ရွက်
အီရတ်နိုင်ငံနှင့် ထိစပ်နေသည့် ဆီးရီးယားနယ်မြေအတွင်း ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (အက်စ်ဒီအက်ဖ်)၏ နယ်စပ်ကင်းစခန်းများကို အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)က သိမ်းယူပြီးနောက် အီရတ်တပ်ဖွဲ့များက နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဂ္ဂလိက သတင်းစာ အယ်လ်မာဒါက အမည်မဖော်သော လုံခြုံ ရေး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရေးသားဖော်ပြသည်။
အီရတ်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံ နယ်စပ်ရှိကင်းစခန်း ၃ဝ ခန့်ကို သိမ်းယူခဲ့ကြောင်း၊ ကင်းစခန်းအချို့ ဆီးရီးယားနယ်စပ်မှ ကီလိုမီတာ ၅ဝ အကွာတွင် တည်ရှိကာ စခန်းအားလုံးမှာ ကွန်ကရစ်တုံး အတားအဆီးများ ထူထပ်စွာချထားကြောင်း သတင်းတွင် ဖော်ပြသည်။
သိမ်းယူ
ယခုနှစ် အောက်တိုဘာ ၂၆ ရက်က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်) တို့က လျှပ်တစ်ပြက် ထိုးစစ်များ ဆင်နွှဲကာ ဆီးရီးယား နယ်စပ်ရှိ အက်စ်ဒီအက်ဖ် တပ်ဖွဲ့၏ ကင်းစခန်းများကို သိမ်းယူခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment