Wednesday, November 7, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 5 people, people smiling, people sitting, suit and indoor
နေပြည်တော် နိုဝင်ဘာ ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီး H.E.Mr. Song Tao အား ယနေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏နေအိမ်၌ လက်ခံတွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်လည်း တက်ရောက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးအား ညစာဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်

No comments:

Post a Comment