Wednesday, November 7, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြင်သစ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H. E. Mr. Christian Lechervyအား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် ပြင်သစ်-မြန်မာ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment