Tuesday, November 27, 2018

ယူကရိန်းနှင့်ရုရှား စစ်ရေးတင်းမာမှု ဆွေးနွေးရန်ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူ

Image may contain: ocean, sky, water, outdoor and nature
ကိယက်ဗ် နိုဝင်ဘာ ၂၆
ခရိုင်းမီးယားကျွန်းဆွယ်အနီး ပင်လယ်နက် တွင် ယူကရိန်းရေတပ်မှ စစ်ရေယာဉ်သုံးစင်းကို ရုရှားကသိမ်းယူလိုက်သည့် ဖြစ်ရပ်ပေါ်ပေါက် ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု များ ဖြစ်ပေါ်လာနိုင်သည့်အရေးအတွက် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုဝင်ဘာ ၂၆ ရက်တွင် အရေးပေါ် အစည်းအဝေးကို ခေါ်ယူ ထားသည်။
မိမိ၏ ရေပိုင်နက် အတွင်းသို့ ဥပဒေမဲ့ ဝင်ရောက်လာသည်ဟု ဆိုကာ ရုရှားက ယူကရိန်းစစ်ရေယာဉ်များကို ပစ်ခတ်တိုက်ခိုက် ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ပေါ်ပေါက်ခဲ့
ယူကရိန်းရေတပ်မှ အသေးစား စစ်ရေ ယာဉ်နှစ်စင်းနှင့် ဆွဲသင်္ဘောတစ်စင်းတို့သည် နိုဝင်ဘာ ၂၅ ရက်က ကာ့ခ်ျရေလက်ကြားကို ဖြတ်သန်းစဉ် ယင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ကာ့ခ်ျရေလက်ကြားသည် ကျဉ်းမြောင်းသော ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ယူကရိန်းရော ရုရှားပါ အသုံးပြုလေ့ရှိသည့် အေဇော့ ပင်လယ်သို့ ဝင်ရောက်နိုင်သော ရေလမ်း ကြောင်းလည်း ဖြစ်သည်။
ရုရှားနယ်ခြားစောင့်တပ်ဖွဲ့ စစ်သင်္ဘောက ယူကရိန်းဆွဲသင်္ဘောကို ဝင်တိုက်ခဲ့ပြီး မိမိ တို့၏ စစ်ရေယာဉ်များကို ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းအစိုးရက ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ တင်းမာ မှုမြင့်မားနေပြီး နိုဝင်ဘာ ၂၆ ရက်တွင် လုံခြုံ ရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေက ပြောကြားသည်။
ရုရှားရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက်သည်ဟု စွပ်စွဲကာ ယူကရိန်းရေတပ် စစ်ရေယာဉ်များကို ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေယာဉ်သုံးစင်းကို ရုရှားက ထိန်းသိမ်းခဲ့ ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဗျူရိုက ထုတ်ပြန်ကြေညာခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment