Tuesday, November 27, 2018

တိုက်စစ်မှူး နေမာအား ပြန်လည်ခေါ်ယူရန် ဘာစီလိုနာ ဆွေးနွေးလျက်ရှိပြီးဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဒမ်ဘီလီအသင်းမှ ထွက်ခွာမည်

Image may contain: 2 people, text
တိုက်စစ်မှူး ဒမ်ဘီလီသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ဘာစီလိုနာအသင်းမှ ထွက်ခွာရန် စီစဉ်လျက်ရှိပြီး ဘာစီ လိုနာအသင်းအနေဖြင့် တိုက်စစ်မှူး နေမာအား အသင်းသို့ပြန်လည် ခေါ်ယူရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒမ်ဘီလီသည် ၂ဝ၁၇ ခုနှစ်က ဒေါ့မွန်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၉၃ သန်း(ယူရို ၁ဝ၅ သန်း/အမေရိကန်ဒေါ်လာသန်း ၁၂ဝ)ဖြင့် ပြောင်းရွှေ့လာခဲ့သော်လည်း လက်ရှိတွင် ဘာစီလိုနာအသင်း၌ ပုံမှန် ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရကြောင်း သိရသည်။
ထို့ကြောင့် တိုက်စစ်မှူး ဒမ်ဘီလီအနေဖြင့် အသင်းပြောင်းရွှေ့ ကစားရန်စီစဉ်နေခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် တိုက်စစ် မှူး ဒမ်ဘီလီအား ရောင်းချရန်စီစဉ်လျက်ရှိသည့်အပြင် တိုက်စစ်မှူး ဟောင်းတစ်ဦးဖြစ်သည့် နေမာကိုလည်း အသင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တိုက်စစ်မှူး ဒမ်ဘီလီသည် လာမည့် ဘောလုံးရာသီတွင် ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်လျက်ရှိပြီး လီဗာပူးအသင်းနည်းပြ ကလော့ ကလည်း ဒေါ့မွန်အသင်း ကစားသမားဟောင်း ဒမ်ဘီလီအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
တိုက်စစ်မှူး ဒမ်ဘီလီသည် ဒေါ့မွန်အသင်းနှင့်အတူ ၃၂ ပွဲ တွင် သွင်းဂိုးခြောက်ဂိုး၊ ဘာစီလိုနာအသင်းနှင့်အတူ ၂၉ ပွဲတွင် သွင်းဂိုး ရှစ်ဂိုးသွင်းယူထားနိုင်ခဲ့ကြောင်းလည်း သိရသည်။
ဒမ်ဘီလီသည် ပြင်သစ်နိုင်ငံ လက်ရွေးစင်အသင်းနှင့်အတူ ၂ဝ၁၆ ခုနှစ်မှ စတင်ကာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး လက်ရှိ ၂၁ ပွဲတွင် သွင်းဂိုးနှစ်ဂိုးသွင်းယူထားနိုင်ခဲ့ကြောင်းလည်း သိရသည်။
ငွေကြယ်

No comments:

Post a Comment