Wednesday, November 7, 2018

အမေရိကန်၌ သက်တမ်းဝက် အထွေထွေရွေးကောက်ပွဲ စတင် နိုင်ငံအရှေ့ပိုင်းပြည်နယ်များ၌ ပြည်သူတို့ မဲပေးလျက်ရှိ

Image may contain: one or more people, crowd, stadium and basketball court
ဝါရှင်တန် နိုဝင်ဘာ ၆
အမေရိကန်ပြည်ထောင်စု၏ သက်တမ်းဝက် အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၆ ရက်က ကျင်းပရာ နိုင်ငံအရှေ့ပိုင်း ပြည်နယ် များတွင် ပြည်သူများ မဲပေးလျက်ရှိကြကြောင်း၊ ယခုကျင်းပသော ရွေးကောက်ပွဲများသည် သမ္မတဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့အပေါ် ပြည်သူတို့၏ ထောက်ခံမှု မည်မျှရှိသည်ကို စမ်းသပ်နိုင်မည့် ရွေးကောက်ပွဲများအဖြစ် နိုင်ငံရေး ဆန်းစစ်လေ့လာသူများက သုံးသပ် ပြောဆိုလျက်ရှိကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
မဲပေး
ဗာဂျီးနီးယားပြည်နယ်အပါအဝင် နိုင်ငံ အရှေ့ပိုင်းရှိ ပြည်နယ်များ၌ မဲပေးမှုများ ပြုလုပ်လျက်ရှိကြသည်။ ယခုကျင်းပသော ရွေးကောက်ပွဲတွင် သက်တမ်းနှစ်နှစ်ရှိ အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာ စလုံးအတွက် လည်းကောင်း၊ အမတ်နေရာ ၁ဝဝ ရှိ အထက်လွှတ်တော်၏ အမတ်နေရာ ၃၅ နေရာအတွက်လည်းကောင်း ပြည်သူတို့ မဲပေးရွေးချယ်ကြမည်ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲများတွင် အမေ ရိကန်ပြည်ထောင်စု၏ ပြည်နယ် ၅ဝ အနက် ၃၆ ပြည်နယ်တွင် အုပ်ချုပ်ရေးမှူးနေရာများ အတွက်လည်း ပြည်သူတို့ မဲပေးရွေးချယ် ကြမည်ဖြစ်သည်။
သမ္မတဒေါ်နယ်ထရန့်သည် သက်တမ်း ဝက် ရွေးကောက်ပွဲများ မကျင်းပမီ အကြိတ် အနယ်ဖြစ်နေသော မြောက်ပိုင်းပြည်နယ်များ တွင် နောက်ဆုံးမဲဆွယ်စည်းရုံးမှုများ ပြုလုပ် ခဲ့သည်။
ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း များကို မဲပေးကြရန် ၎င်းက အကြီးအကျယ် မဲဆွယ်စည်းရုံးခဲ့သည်။
ဂျော်ဂျီယာပြည်နယ် မာကွန်မြို့၌ နိုဝင်ဘာ ၄ ရက်က ပြုလုပ်သော လူထုအစည်း အဝေးတွင် သမ္မတထရန့်က မဲဆွယ်စည်းရုံး ခဲ့သည်။ သက်တမ်းဝက်ရွေးကောက်ပွဲများ အတွက် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် လောင်းများ အထက်နှင့်အောက် လွှတ်တော် တို့တွင် အခြေအနေကောင်းလိမ့်မည်ဟု ၎င်း က အလေးထားပြောကြားခဲ့သည်။
ပြသ
နောက်ဆုံးပေါ်ထွက်လာသော လူထု သဘောထားစစ်တမ်းအရ ရီပတ်ဘလစ်ကန် ပါတီသည် အထက်လွှတ်တော်တွင် နေရာ အများစုကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖွယ် ရှိကြောင်း၊ အောက်လွှတ်တော်တွင် ဒီမို ကရက်တစ် ပါတီဝင်များက အများစု အမတ် နေရာ ပြန်ရဖွယ်ရှိသည်ဆိုသော ခန့်မှန်းချက် များရှိခဲ့သော်လည်း သူတင်ကိုယ်တင် ယှဉ်ပြိုင် ရမည့် အနေအထားကို ပြသနေကြောင်း သိရသည်။
သက်တမ်းဝက်ရွေးကောက်ပွဲ အကြိုနေ့ အထိ ရီပတ်ဘလစ်ကန်အမတ်လောင်းများ အတွက် ထောက်ခံမှုရရန် သမ္မတ ထရန့်က နိုင်ငံအနှံ့လှည့်လည်ပြီး မဲဆွယ်စည်းရုံးခဲ့ သကဲ့သို့ ဒီမိုကရက်အမတ်လောင်းများ အနိုင် ရရှိရေးအတွက် သမ္မတဟောင်း အိုဘားမားက လှည့်လည်မဲဆွယ်စည်းရုံးခဲ့သည်။
ရွေးကောက်ပွဲ မကျင်းပမီ အနေအထား အရ အမတ်နေရာ ၄၃၅ နေရာရှိ အောက် လွှတ်တော်တွင် ရီပတ်ဘလစ်ကန်အမတ် ၂၃၅ ဦး၊ ဒီမိုကရက်အမတ် ၁၉၃ ဦး ရှိသည်။
အမေရိကန်ပြည်နယ်များရှိ အုပ်ချုပ်ရေး မှူး ၃၆ ဦးအနက် ၂၆ ဦးမှာ ရီပတ်ဘလစ်ကန် တို့က ထိန်းချုပ်ထားခဲ့ပြီး ကိုးဦးမှာ ဒီမိုကရက် တို့က ထိန်းချုပ်ထားသည်။
အေအက်ဖ်ပီ၊ အင်န်အိတ်ခ်ျကေ

No comments:

Post a Comment