Wednesday, November 7, 2018

စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာ

No automatic alt text available.
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများ ပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးပြီး စားသုံးရန်မသင့် ကြောင်း တွေ့ရှိပါက အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာပေးလျက်ရှိပါ သည်။
Miki-Koအမှတ်တံဆိပ် တရုတ်ဆီးသီးကို (၁၈-၁-၂ဝ၁၅) ရက်စွဲပါ ကြေးမုံသတင်းစာတွင်လည်းကောင်း၊Miki-Koအမှတ်တံဆိပ် ချယ်ရီသီးကို (၂၁-၆-၂ဝ၁၇) ရက်စွဲပါ မြန်မာ့အလင်းသတင်းစာတွင်လည်းကောင်း ခွင့်မပြုဆိုးဆေး (Rhodamine B) ပါဝင်၍ စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့ရာတွင် အဆိုပါ Miki-Koအမှတ်တံဆိပ် စားသောက်ကုန်များကို ဈေးကွက်အတွင်း အများအပြား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း တွေ့ရှိနေရပါသည်။ အဆိုပါ စားသောက်ကုန်များ၏ အမှတ်တံဆိပ်ပေါ်တွင် Miki-Koစာသားမှလွဲ၍ ကျန်စာသားများမှာ ထိုင်းဘာသာဖြင့်သာ ရေးသားထားပါသည်။
သို့ဖြစ်ပါ၍ Miki-Ko အမှတ်တံဆိပ်ပါ စားသောက်ကုန် အပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စားသုံးရန်မသင့်ကြောင်း ထုတ်ပြန် ကြေညာထားသော အစားအသောက်များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ထပ်မံ အသိပေးကြေညာအပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

No comments:

Post a Comment