Tuesday, November 27, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Image may contain: one or more people, people standing, outdoor and nature
နေပြည်တော် နိုဝင်ဘာ ၂၆
မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးမှ ရဲမှူး အောင်ဆွေဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ် Panchari ကင်းစခန်းမှ Naib Subedar Md. Salim Uddin ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီမှ ၁၁ နာရီ မိနစ် ၂ဝအထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၅၁/၅)မှ (၅၂)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ အထိ မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်းရဲကင်းစခန်းမှ ဒုရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄)နယ်ခြားစောင့်တပ်Rejupara ကင်းစခန်းမှ Naib Subedar Md. Mosharaf Hossain တပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၄၁)မှ (၄၁/၅)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား

No comments:

Post a Comment