Tuesday, November 27, 2018

ဂျာမနီနိုင်ငံတွင်ကျင်းပသည့် စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ် ၂၁ ဦး တက်ရောက်လျက်ရှိ

Image may contain: 9 people, people standing
ဖျာပုံ နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံRenewable Energy နှင့် Energy Efficiency ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နှစ်နိုင်ငံ အကြား စီးပွားရေးလုပ်ငန်းများ ဆက်စပ်တိုးတက်တည်ဆောက်နိုင် ရန် ရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ ၂၅ ရက်တွင် ဂျာမနီနိုင်ငံ၌ စတင်ကျင်းပ လျက်ရှိသည့် စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၁ ဦး တက်ရောက် လျက်ရှိကြောင်း မြန်မာနိုင်ငံ စွမ်းအင် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ဂျာမနီနိုင်ငံ ဘာဘေးရီးယားပြည်နယ်အစိုးရ Minisitry of Economic Affiair, Energy &Technology နှင့် bfz တို့က ဖိတ်ကြားခဲ့ခြင်းဖြစ်ရာ မြန်မာ နိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ပထမအသုတ် ကိုယ်စားလှယ် ၂၁ ဦး ရွေးချယ်စေလွှတ်ထားကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်ထုတ် လုပ်သူများအသင်း၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်အောင်ထံမှ သိရသည်။
မြန်မာနိုင်ငံမှ သွားရောက်သည့် ၎င်းကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီ နိုင်ငံ မြူးနစ်မြို့နှင့် ဘာဘေးရီးယား ပြည်နယ်အတွင်းရှိ Renewable Energy နှင့် Energy Efficiency ဖွံ့ဖြိုးတိုးတက်နေမှုများ၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာများနှင့်ပတ်သက် ၍ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ စာတွေ့လက်တွေ့ လေ့လာ ဆွေးနွေးကြမည်ဖြစ်သည်။
ယခုပြုလုပ်သည့် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံ နှစ်နိုင်ငံအကြား တွေ့ဆုံ ဆွေးနွေးလေ့လာရေး အစီအစဉ်သည် ဆဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်က မြန်မာ-ဂျာမနီ စွမ်းအင် ရက်သတ္တပတ်Myanmar -German Energy Week အဖြစ် သတ်မှတ်ပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံမြို့ကြီးများတွင် စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သူဇာနွယ်(ဖျာပုံ)

No comments:

Post a Comment