Thursday, November 29, 2018

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲ ကျင်းပ

Image may contain: one or more people, people playing sports, basketball court and outdoor
ရန်ကုန် နိုဝင်ဘာ ၂၈
၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်မြို့ အောင်ဆန်းအားကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ယနေ့နံနက် ၈ နာရီက စတင်ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင် နေကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် လက်ရွေးစင်တန်း၊ အလွတ်တန်း၊ လူသစ်တန်းနှင့် အမျိုးသမီးတန်း(Open)တို့ဖြင့် အတန်းလေးတန်းခွဲထားသည်။ ပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၈ဝ မှ စုစုပေါင်း အားကစားသမား ၃၈ဝ တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အလွတ်တန်းပြိုင်ပွဲ၌ ပိုက်ကျော်ခြင်းကစားသမားများအဖြစ် နိုင်ငံခြားတွင် ကစားဖူးသူများမှအပ အလွတ်တန်း ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ လူသစ်တန်းပြိုင်ပွဲတွင်မူ ဝန်ကြီးဌာနအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်နှင့် AUG ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများမှအပ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြကြောင်း သိရသည်။

သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment