Thursday, November 29, 2018

၂ဝ၁၈ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပဉ္စမပွဲစဉ် ဒုတိယနေ့ ဆက်လက်ကျင်းပ

Image may contain: one or more people, people playing sports, people standing, golf, shoes and outdoor
ပြင်ဦးလွင် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ပူးပေါင်း၍ အင်းဝဘဏ်လီမိတက်က အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပဉ္စမပွဲစဉ် ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲဒုတိယနေ့အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ ဟိန်းစည်သူ (Phyo Si Thu Teak Plantation- Myanmar & Bago Yoma Eco Resort- Myanmar)က သတ်မှတ် ရိုက်ချက်ထက် ၁၄ ချက်လျော့ရိုက်၍ ထိပ်ဆုံးမှဦးဆောင်နေပြီး ဘိုဘို (HAN Golf Academy) က သတ်မှတ်ရိုက်ချက်ထက် ရှစ်ချက်လျော့ရိုက်၍ ဒုတိယ၊ ဇော်ဇော်လတ် (HAN Golf Academy)က သတ်မှတ်ရိုက်ချက်ထက် ငါးချက်လျော့ရိုက်၍ တတိယနေရာတွင် ရပ်တည်နေ သည်။ ဝါသနာရှင်အဆင့်(အမျိုးသား)ပြိုင်ပွဲတွင် သီဟဌေးက ပထမ၊ မင်းနိုင်စိုးက ဒုတိယ၊ လှိုင်မင်းထက်က တတိယနေရာ၊ ဝါသနာရှင်အဆင့်(အမျိုးသမီး) ပထမနေ့ပြိုင်ပွဲတွင် စုနဒီဝင်းထွန်းက သတ်မှတ်ရိုက်ချက်ထက် ငါးချက်ပိုရိုက်ကာ ပထမ၊ ဧကရီဝင်းထွန်းက သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်ပိုရိုက်ကာ ဒုတိယ၊ ပြုံးပြုံးထွေးက သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်ပိုရိုက်ကာ တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ အမျိုးသားပြိုင်ပွဲများကို နိုဝင်ဘာ ၂၇ ရက်တွင် စတင်ကျင်းပပြီး အမျိုးသမီးပြိုင်ပွဲမှာ သုံးရက်သာ ယှဉ်ပြိုင်ရသောကြောင့် နိုဝင်ဘာ ၂၈ ရက်မှ စတင်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတတိယနေ့ကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်

No comments:

Post a Comment