Thursday, November 29, 2018

ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဆဋ္ဌမအကြိမ် စည်းဝေး




Image may contain: one or more people and indoor
ရန်ကုန် နိုဝင်ဘာ ၂၈


 ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီး ကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဉာဏိန္ဒက အဖွင့်သြဝါဒကထာ မြွက်ကြား ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။
ထို့နောက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေး အဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမိုးဇော်ရွှေက ပဉ္စမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို လျှောက်ထားတင်ပြပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း များမှ ကျောင်းအုပ်ဆရာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်း ထိုင်ဘုန်းကြီး သင်တန်းကျောင်းများ၏ ပညာရေးဆိုင်ရာ တင်ပြချက်များနှင့် စီမံ ခန့်ခွဲမှုဆိုင်ရာများကို တင်ပြဆွေးနွေးကြ ကာ ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။
ယင်းနောက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေး အဖွဲ့ အဖွဲ့ဝင် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တ အဂ္ဂဓမ္မက နိဂုံးချုပ်သြဝါဒကထာြ>ွမက်ကြားပြီး ဒုတိယဝန်ကြီးက ဆရာ တော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
သတင်းစဉ်

No comments:

Post a Comment