Thursday, November 29, 2018

ဂျာမနီနိုင်ငံ အထူးကုဆရာဝန်ကြီးများ ရခိုင်ပြည်နယ်အတွင်း အခမဲ့ခွဲစိတ်ကုသ

Image may contain: one or more people and people sitting
စစ်တွေ နိုဝင်ဘာ ၂၈
ပြည်တွင်း၊ ပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော် ကြီး၏ သြဝါဒအရ မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ ကမကထပြု၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အဓိက ပံ့ပိုးကူညီမှုဖြင့် ဂျာမနီနိုင်ငံ အထူးကုဆရာဝန်ကြီးများ၏ ရခိုင်ပြည်နယ်အတွင်း အဋ္ဌမအကြိမ်မြောက် အခမဲ့ခွဲစိတ် ကုသမှုကို နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ပြုလုပ်ပေးလျက်ရှိသည်။
ခွဲစိတ်ကုသမှုများကို စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဂျာမနီနိုင်ငံ အထူးကုဆရာဝန်ကြီးများနှင့်စစ်တွေဆေးရုံကြီးမှ ဆရာဝန်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ လည်ပင်းကြီးရောဂါ၊ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ မီးလောင်ဒဏ်ရာ၊ ခြေပူး လက်ပူးနှင့် အဆီကျိတ် စသည့် လူနာ ၂ဝ ကျော်ကို ခွဲစိတ်ကုသပေးကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသနေမှုများကို စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း နှင့် မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ မစ္စတာအိုလီဘာတို့က ကြည့်ရှုအားပေး ကြပြီး ခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းနေကြသော လူနာများနှင့် ခွဲစိတ် ကုသပြီး လူနာများကို တွေ့ဆုံအားပေးစကားပြောကြား၍ လူနာများ ခွဲစိတ် ကုသရာတွင် ကူညီဆောင်ရွက်ပေးကြသည့် ဆေးရုံကြီးမှ ဆရာဝန်များနှင့် သူနာပြုများအတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများကို ပေးအပ် သည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment