Thursday, November 29, 2018

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ပထမအကြိမ် ဘင်းမ်စတက်နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ စကားဝိုင်းဆွေးနွေးပွဲနှင့် အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အခမ်းအနားသို့ တက်ရောက်





Image may contain: 9 people, people smiling, outdoor
 နေပြည်တော် နိုဝင်ဘာ ၂၈


 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် ''ပထမအကြိမ် ဘင်းမ်စတက်နိုင်ငံများမှ တရား စီရင်ရေးအကြီးအကဲများ စကားဝိုင်းဆွေးနွေးပွဲ (First Round Table of the Head of Judiciary of BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) Countries}} နှင့် နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပသည့် ''အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနေ့ အခမ်းအနား''(Constitution Day Celebrations) တို့သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အတွေ့အကြုံများ ဆွေးနွေးဖလှယ်
ပြည်ထောင်စုတရားသူကြီးချုပ်သည် ဘင်းမ်စတက်နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ၏ စကားဝိုင်းဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် အိမ်ရှင် အိန္ဒိယနိုင်ငံ တို့မှ တရားသူကြီးချုပ်များ၊ ဒုတိယ တရားသူကြီးချုပ်၊ တရားသူကြီးများနှင့်အတူ ''နည်းပညာနှင့်တရားမျှတမှု လက်လှမ်းမီရေး၊ အကြမ်းဖက်မှုခင်းများအား စစ်ဆေး စီရင်ခြင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ လူကုန်ကူးမှုများ'' နှင့်စပ်လျဉ်းသည့် အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စု တရားသူကြီးချုပ်သည် အိန္ဒိယနိုင်ငံ တရားရုံးချုပ်က ဦးဆောင်ကျင်းပပြုလုပ်သည့် ''(၆၉) ကြိမ်မြောက် အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အခမ်းအနား'' သို့လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment