Sunday, November 25, 2018
ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် စက်ဘီးအစီး ၁ဝဝ လှူဒါန်း
နေပြည်တော် နိုဝင်ဘာ ၂၄
စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် Win & Win Co., Ltd မှ စက်မှု ဝန်ကြီးဌာနသို့ လှူဒါန်းထားသည့် စက်ဘီးအစီး ၁ဝဝ အား ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်း အနားကို သာဂရစက်မှုနယ်မြေရှိ သုတေ သနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရေတာ ရှည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် များ၊ Win & Win Co., Ltd မှ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ Win & Win Co., Ltd ဒုဥက္ကဋ္ဌက ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်ဘီးအစီး ၁ဝဝ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဟန်က Win & Win Co., Ltd အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်ဘီး အစီး ၁ဝဝ အား လွှဲပြောင်းပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘေးအ္တရာယ်များ ဖြစ်ပေါ်ခဲ့ ပါက အလျင်အမြန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ အလျင်အမြန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရန် စီမံထားရှိပါကြောင်း၊ သို့မှသာ ဖွံ့ဖြိုးတိုးတက်မှုများ၏ အရှိန် အဟုန်ရပ်တန့်သွားမည်မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း၍ (PPP)စနစ်ဖြင့် ဆောင်ရွက်နေသည့်ကုမ္ပဏီမှ ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင်အသုံးပြုရန် စက်ဘီးများ လှူဒါန်းခြင်းသည် ပြည်သူ များမှ ပြည်သူများသို့ ပြန်လည်မျှဝေခြင်းဖြစ်သည့်အတွက် စုပေါင်းအားကို ပြသခြင်းဖြစ်ကြောင်း၊ လှူဒါန်းသည့်အတွက် လည်း များစွာကျေးဇူးတင်ရှိပါကြောင်းWin & Win Co., Ltd အနေဖြင့် ပိုမိုတိုးတက်အောင်မြင်ပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ သည် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ ဒီဇိုင်းရေးဆွဲတီထွင် ထုတ်လုပ်ထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ လှည့်လည်၍ သင်တန်းပို့ချလျက်ရှိသော သက်မွေးပညာ ရွေ့လျားသင်တန်းကားများဖြစ်သည့် လျှပ်စစ်ဘာသာရပ်၊Weldingဘာသာရပ်၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ဘာသာရပ် အထူးပြုသင်ကြားရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ကျန်းမာရေးဝန်ကြီးဌာနအတွက် ဖန်တီး ထုတ်လုပ်ထားသည့် လူနာတင်ယာဉ်နှင့် သင်ကြားရေး အထောက်အကူပြု သရုပ်ပြလူနာတင်ယာဉ်နှင့် Mobile ရွေ့လျားဈေးကားတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment