Sunday, November 25, 2018

အဓမ္မကို ဓမ္မဖြင့် အနိုင်ယူ

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ဘာသာပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အ¸၏ အကြံပြု ဆွေးနွေးဝိုင်း  မကြာသေးမီရက်ပိုင်းအတွင်းက  ကျင်းပပြီးစီးသွားခဲ့    သည်။ အဆိုပါ အကြံပြုဆွေးနွေးဝိုင်း၏ ရည်ရွယ်ချက်က မြန်မာနိုင်ငံ တွင်  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက်ဖြစ် သည်။ မြန်မာနိုင်ငံ၏ မျက်မှောက်ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဘာသာရေးရှုထောင့်မှတစ်ဆင့်  ချဉ်းကပ်ခြင်းဟုလည်း   ဆိုနိုင်မည်            ဖြစ်သည်။
စင်စစ်အားဖြင့်  မြန်မာနိုင်ငံသည်  ပြည်ထောင်စုနိုင်ငံဖြစ်သည့် အလျောက်  တိုင်းရင်းသားလူမျိုးပေါင်းစုံတို့  စုစည်းနေထိုင်ကြသည့်   နိုင်ငံတစ်ခုဖြစ်သည့်အပြင် ကိုးကွယ်ရာဘာသာအားဖြင့်လည်း လူများစု ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာအပြင်  ခရစ်ယာန်၊  အစ္စလာမ်၊ ဟိန္ဒူ စသည့် ဘာသာတရားများကို ယုံကြည်ကိုးကွယ်မှုများ ရာစုနှစ်များနှင့် ချီ၍ တည်ရှိခဲ့သော နိုင်ငံ၊ အပြန်အလှန် လေးစားနားလည်မှုများဖြင့် ညီညွတ်မျှတစွာနေထိုင်ခဲ့ကြသည့် သမိုင်းကြောင်းရှိသော နိုင်ငံလည်း ဖြစ်သည်။ သှူအကျိုးကိုလိုလားမှု(မေတ္တာတရား)၊ အားနည်းသူ နိမ့်ပါးသူ တို့အပေါ် သနားကြင်နာမှု(ကïဏာတရား)၊ အားကြီးသူ မြင့်မားသူ     တို့အပေါ်  ဝမ်းမြောက်မှု(မုဒိတာတရား)၊  လောကဓံတရားတို့အပေါ် လျစ်လျူရှုကာ ခံစားမှုတို့မှ ဖယ်ခွာမှု(ဥပေက္ခာတရား) စသည်တို့ကို လောကပါလတရားများအဖြစ် လက်ခံကျင့်သုံးခဲ့ကြသည့် အစဉ်အလာ ရှိခဲ့သူများလည်း ဖြစ်ကြသည်။
သို့ရာတွင် အထက်တွင်ဆိုခဲ့သည့် လောကပါလတရားများ မှေးမှိန် အားနည်းလာခဲ့သည့်အခါ၊ မြင့်မြတ်သည့်ဘာသာတရားတို့ကို  လောဘ၊ ဒေါသမကင်းသည့် ရည်မှန်းချက်အမျိုးမျိုးတို့အတွက်  အလွဲသုံးစားပြုခဲ့ ကြသည့်အခါ မိမိတို့နိုင်ငံ၏ အစိတ်အပိုင်းအချို့ တို့တွင် ငြိမ်းချမ်းမှု      များ   ပျောက်ဆုံးလာရသည်။  ဘဝ၏လုံခြုံမှု ကင်းမဲ့လာသည်နှင့်အမျှ တစ်နေ့ပြီးတစ်နေ့   တစ်ရက်ပြီးတစ်ရက်တို့ကို    စိုးရိမ်ထိတ်လန့်စွာ ဖြတ်သန်းနေကြရသည်။ '' လုံခြုံမှုရှိပြီး ငြိမ်းချမ်းသောဘဝတွင် နေထိုင် နိုင်ရေးဟူသော အခွင့်အရေးမှာ အခြေခံကျလှပါကြောင်း၊ သို့ဖြစ်ပေရာ လွတ်လပ်စွာယုံကြည်ခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ခွင့်တို့မှာလည်း အလား တူပင် အခြေခံကျလှပါကြောင်း၊ သို့ရာတွင် မိမိတို့သည် ဖော်ပြပါအခြေခံ အခွင့်အရေးများ  မကြုံစဖူး  ထူးထူးကဲကဲ စိန်ခေါ်ခံရမှုကို တိုး၍ တိုး၍ ရင်ဆိုင်နေရသည့်ကာလတစ်ခုကို  ဖြတ်သန်းနေကြရပါကြောင်း၊ က္ဘာ တစ်ဝန်းတွင် အစွန်းရောက်သမားများ၏  အကြမ်းဖက်မှု၊ အကြမ်းဖက် သည့်အပြုအမူများအား လှုံ့ဆော်နိုင်ရန် ¤င်းတို့၏လုပ်ရပ် တရားမျှတမှု ရှိလေသည့် အသွင်ဖြစ်ပေါ်အောင် ဘာသာတရားကို ခုတုံးလုပ်အလွဲသုံးမှု ပြုနေကြပုံတို့ကို မိမိတို့တွေ့မြင်နေကြရကြောင်း''စသည်ဖြင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က    ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏   အကြံပြုဆွေးနွေးဝိုင်းသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားရာတွင်  ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဘာသာပေါင်းစုံဆွေးနွေး မှုသည် အမှန်တကယ် ထိရောက်မှုရှိရန်၊ ဘာသာရေးခေါင်းဆောင်များ အတွက်သာ ကန့်သတ်ချက်မထားဘဲ လူတိုင်းပါဝင်ခွင့်ရှိသော ဆွေးနွေး ခြင်းများမှတစ်ဆင့် ပြည်သူတိုင်း၏ ဟဒယနှလုံးသားနှင့် အသိတရားတို့ကို တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ပေါင်းစည်းမှု ဖြစ်ပေါ်လာစေရန်၊ အပြန်အလှန် လေးစားမှုကိုဖြစ်စေသည့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုတစ်ရပ်ကို ပညာရေး မှတစ်ဆင့် ဖော်ဆောင်ပေးကြရန်၊ ထို့အပြင် လူမှုရေးအရ ခွဲခြားဆက်ဆံ ခံရမှုနှင့် ကြဉ်ဖယ်ခံရမှု၊ ဆင်းရဲမွဲတေမှုနှင့် ကာလကြာရှည် အလုပ်အကိုင်မဲ့ ဖြစ်ရမှုဟူသော အစွန်းရောက်ဝါဒက ဆွဲဆောင်သွတ်သွင်းမှုများနောက် လိုက်ပါသွားကြသည့် အကြောင်းရင်းခံများတို့ကိုလည်း ထောက်òန်ပြသ ခဲ့သည်။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင်   မိမိတို့နိုင်ငံ၏  အမျိုးသားပြန်လည်  သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် ဘာသာရေးသည်လည်း နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်မှုများရှိနေသည့်အလျောက် ဘာသာ တရားမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး   အပြန်အလှန်နားလည်လေးစားမှု များ ပေါ်ပေါက်ထွန်းကားလာအောင် မြှင့်တင်နိုင်ခြင်းအားဖြင့် အဓမ္မကို ဓမ္မဖြင့် အနိုင်ယူကာ အေးငြိမ်းချမ်းသာသည့်လောကကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း။     ။

No comments:

Post a Comment