Saturday, November 24, 2018

တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ်မှ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ ထုတ်လုပ်သောအဖွဲ့နှင့်မြန်မာနိုင်ငံမှ ဆေးဝါးနှင့်ဆေးရုံသုံးပစ္စည်းများ တင်သွင်းရောင်းချသော ကုမ္ပဏီများတွေ့ဆုံ

Image may contain: 4 people, people sitting, table and indoor
ရန်ကုန် နိုဝင်ဘာ ၂၃
တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ် ဇီဘိုမှ The Economy &Trade Delegation of Zibo City ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ ထုတ်လုပ်သော စီးပွားရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံမှ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ တင်သွင်းရောင်းချသောကုမ္ပဏီများ တွေ့ဆုံပွဲနှင့် ဇီဘိုစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး( မြန်မာပြည်ကိုယ်စားလှယ်ရုံးခန်းခွဲ)ဲ ဖွင့်လှစ်ပွဲကို နိုဝင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီက တာမွေမြို့နယ် လေးထောင့်ကန်လမ်းရှိ Royal Holiday Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း၌ ဆေးဝါးကုသ ပေးနေသော ဆေးရုံများ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများ နိုင်ငံတကာ အဆင့်မီဖွံ့ဖြိုးလာစေရန်နှင့် ပြည်သူများ နိုင်ငံတကာအဆင့်မီ ဆေးဝါးကုသမှု ခံယူနိုင်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr Mao Zhong Qiangက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအကြောင်း ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးအောင်က စီးပွားရေး ဆိုင်ရာများ ပြောကြားကာ မြန်မာပြည်ကိုယ်စားလှယ်ရုံးခွဲတာဝန်ခံနှင့် ရှန်တုန်းပြည်နယ် ကိုယ်စားလှယ်တာဝန်ရှိသူတို့က အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ တင်သွင်းရောင်းချနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ ကြပြီးနောက် ညနေပိုင်းတွင် ရန်ကင်းကလေးဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံတက်လူနာများအား ညနေစာထမင်းတစ်နပ်စာနှင့် ဆေးရုံးအတွက် ငွေကျပ် ၁ဝ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေမြင့်ဦး(ရွှေပြည်သာ)

No comments:

Post a Comment