Saturday, November 24, 2018

လူထုဗဟိုပြုစီမံကိန်းနှင့်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

Image may contain: 6 people, people smiling, people standing, wedding and outdoor
ကော့မှူး နိုဝင်ဘာ ၂၃
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နေပြည်တော် ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်၊ ရန်ကုန် တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ စီမံကိန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာခိုင်၊ ဦးစီးအရာရှိ ဦးတန်ဂျီးတို့သည် ယနေ့ နံနက်က မြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စတုတ္ထနှစ် စက်ဝန်းအား အကောင်အထည်ဖော်ဆောင်ရန် အားပေး စကားများ ပြောကြားပြီး လိုအပ်သည်များအား မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါအဖွဲ့သည် ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ၊ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးကျော်ညီညီထွန်း၊ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးသန့်ဇော်ဝင်း တို့နှင့်အတူ ထန်းပင်ချောင်းကျေးရွာသို့ ကွင်းဆင်းပြီး ကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လူထုဗဟိုပြု စီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို မှာကြားခဲ့သည်။
ထို့နောက် မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များ နှင့်တွေ့ဆုံ၍ စီမံကိန်းလည်ပတ်ရန် ရန်ပုံငွေဖြင့် ဆောင်ရွက် ထားသော စိုက်ပျိုးရေး၊ ရောင်းဝယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)

No comments:

Post a Comment