Saturday, November 24, 2018

ဗုဒ္ဓတစ်ထောင်အကောက်တောင် ဘုရားဖူးများစည်ကားမှုကြောင့် ကြို၊ ပို့ စက်တပ်ရေယာဉ်များ လုပ်ငန်းအဆင်ပြေလျက်ရှိ

Image may contain: one or more people, ocean, sky, mountain, outdoor, nature and water
ပုသိမ် နိုဝင်ဘာ ၂၃
ဧရာဝတီမြစ်ကမ်းပါးဘေးတွင် တည်ရှိသည့် ဗုဒ္ဓတစ်ထောင်အကောက်တောင်၌ တောင်ကမ်းပါးယံပတ်လည်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ၁ဝဝဝ အား ကြည်ညိုဖွယ်ရာ အနီးကပ်ဖူးမြော်နိုင်မည်ဖြစ်သည်။
စင်္ကြံလက်ရန်းများအကာအကွယ်ဖြင့် အမြင့်ပေ ၁ဝဝဝ ပေါ် အထက်၌ရှိသော ရွှေမြင်တင်စေတီတော်ကို ဖူးမြော်ရင်း အကောက်တောင်စွယ်ပေါ်မှ ဧရာဝတီမြစ်ကမ်းဘေးသဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင် သည်။
အကောက်တောင်တော်သို့ လာရောက်သော ဘုရားဖူးခရီးသည် များပြားလာသောကြောင့် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ စက်တပ်ရေယာဉ် အစီး ၄ဝ-၅ဝ ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စက်တပ်ရေယာဉ်လုပ်သားများ အဆင်ပြေကြကြောင်း သိရသည်။
ပုသိမ်လှကြည်

No comments:

Post a Comment