Saturday, November 24, 2018

တန်ဆောင်မုန်းလပြည့်နေ့တွင် ဇလွန်မြို့ ၌ ဘုရားဖူးများဖြင့်စည်ကား

Image may contain: sky and outdoor
ဇလွန် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက် ညများတွင် ကျင်းပခဲ့ရာ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။
တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းတွင် မသိုးသင်္ကန်းရက်လုပ် ပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီတွင် ရက်လုပ်ပြီးသောမသိုးသင်္ကန်းအား မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ဆက်ကပ်ပူဇော်ခြင်း၊ ထို့နောက် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း
နှင့် သစ်သီးဆွမ်းများ ကပ်လှူ ပူဇော်ခဲ့ကြသည်။
တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၁၄၊ ၁၅၊
လပြည့်ကျော် ၁ ရက်နေ့များအထိ ဆီမီးများ ကပ်လှူပူဇော်ထားမည်ဖြစ်ပြီး ဘုရားဖူးများဖြင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။
ငွေသန်း(ဇလွန်)

No comments:

Post a Comment