Wednesday, November 7, 2018

ချောင်းဦးမြို့နယ်၌ မျက်စိဝေဒနာရှင်များအား ကုသိုလ်ဖြစ် အခမဲ့ခွဲစိတ်ကုသပေး

Image may contain: 1 person, sitting
ချောင်းဦး နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦး မြို့နယ် ခင်မွန်စံပြကျေးရွာတွင် ရွှေမြင့်မိုရ် ဆရာတော် ဘဒ္ဒန္တ ဝိသုတ ဦးဆောင်လမ်းညွှန်မှုဖြင့် စင်ကာပူနိုင်ငံ ''Man Fut Tong Welfare Society Singapore'' နှင့် အလင်းရောင် ဖောင်ဒေးရှင်းတို့၏ မတည်လှူဒါန်းမှုတို့ဖြင့် ရွှေမြင့်မိုရ် စက္ခုဒါန အထွေထွေကုဆေးရုံကြီးတွင် နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီက မျက်စိဝေဒနာရှင်များအား ကုသိုလ် ဖြစ် အခမဲ့ကုသပေးခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ပေးရာတွင် မျက်စိ အမြင်အာရုံစစ်ဆေးခြင်း၊ မျက်စိ ပါဝါတိုင်းခြင်း၊ မျက်စိစမ်းသပ်ပေး ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးစစ် ခြင်းများဆောင်ရွက်ပြီး ခွဲစိတ်ကုသရန် လိုအပ်သောလူနာများအား ခွဲစိတ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ခွဲစိတ်မှုမလိုအပ်သော လူနာများကို မျက်စဉ်း၊ သောက်ဆေးနှင့် မျက်မှန်များပေးကြောင်း၊ နိုဝင်ဘာ ၁ ရက်မှ ၈ ရက်အထိ မျက်စိဝေဒနာရှင် ၄၇၅ ဦးကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံမှ ပါမောက္ခဒေါက်တာ ကိုကိုတင်နှင့်အဖွဲ့က အခမဲ့ကုသိုလ် ဖြစ်ခွဲစိတ်ပေးမည် ဖြစ်ကြောင်း၊ ရွှေမြင့်မိုရ်စက္ခုဒါန အထွေထွေကု ဆေးရုံတာဝန်ခံ ဒေါက်တာ ကျော်သူထက်ထံမှ သိရသည်။
အိအိစိုး (ချောင်းဦး)

No comments:

Post a Comment