Wednesday, November 7, 2018

ကသာမြို့တွင် ပြည်သာယာကြိုးတံတားသစ်ဖွင့်

Image may contain: bridge, sky and outdoor
ကသာ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ ပြည်သာယာကျေးရွာရှိ ပြည်သာယာ ကြိုးတံတားသစ်ဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက်က အဆိုပါကြိုးတံတား၌ ကျင်းပ သည်။
အရှည်ပေ ၂၅ဝ၊ အကျယ်ခြောက်ပေရှိ လူကူးကြိုးတံတားကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၃၆ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါတံတားကို တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်သက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်နှင့် AFC ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ပြီး ကမ္ပည်းကျောက်စာအား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လူအောင်(ကသာ)

No comments:

Post a Comment