Saturday, November 24, 2018

ညောင်လေးပင်မြို့ ၌ ဆီမီးတစ်သောင်းပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

Image may contain: one or more people, crowd and outdoor
ညောင်လေးပင် နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၏ ကျက်သရေဆောင် မဟာတိလောကသယမ္ဘူဘုရားကြီးဝင်းအတွင်း၌ နိုဝင်ဘာ ၂၂ ရက်
ညနေ ၆ နာရီက ဆီမီးတစ်သောင်းပူဇော်ပွဲကြီးနှင့် နိဗ္ဗာန်ဈေးပွဲတော်ကြီးအား ပထမအကြိမ်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပွဲတော်အား ပထမအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဘုရားကြီးဝင်းအတွင်းရှိ တည်ထားကိုးကွယ်ထားသော အသောကမုနိဘုရားကြီးနှင့် ရင်ပြင်ပေါ်၌ မီးထွန်းပူဇော်ကြပြီး စတုဒိသာများ ကျွေးမွေးလှူဒါန်းကာ မြို့သူမြို့သားများက နိဗ္ဗာန်ဈေး ဆိုင်ခန်း ၇ဝ ကျော် စုပေါင်း
ဖွင့်လှစ်၍ အသုံးအဆောင်ပစ္စည်းနှင့် စားသောက်စရာပစ္စည်းများ စနစ်တကျပေးလှူခဲ့ကြပြီး ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။
ရဲမြန်မာ(ညောင်လေးပင်)

No comments:

Post a Comment