Tuesday, November 27, 2018

မန်ယူအသင်းဂိုးသမား ဒီဂီယာအား ခေါ်ယူရန်ပီအက်စ်ဂျီနှင့် ဂျူဗင်တပ် အပြိုင်ကြိုးပမ်းမည်

Image may contain: 1 person, playing a sport and outdoor
ပရီမီယာလိဂ်ကလပ် မန်ယူအသင်းမှ ဂိုးသမားဒီဂီယာအား ခေါ်ယူရန် အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းနှင့် ပြင် သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းတို့ က ခေါ်ယူရန် အပြိုင်ကြိုးပမ်းသွားမည်ဖြစ် ကြောင်း သိရသည်။
ယနေ့ထွက်ပေါ်လာသော သတင်းများ အရ မန်ယူအသင်းကလည်း ဂိုးသမားဒီဂီယာ အား ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းဖြင့် ရောင်းချမည်ဟုလည်း ဆိုသည်။
ဂျူဗင်တပ်အသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့သည် ဂိုးသမားဒီဂီယာအား ခေါ်ယူ ရန် အပြိုင်ကြိုးပမ်းလျက်ရှိပြီး အဆိုပါအသင်း နှစ်သင်းသို့ ပြောင်းရွှေ့ခဲ့မည်ဆိုပါက ဒီဂီယာ သည် ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။
ဂိုးသမားဒီဂီယာသည် မန်ယူအသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် နောက် ထပ်အနည်းဆုံး တစ်နှစ်စာချုပ်ချုပ်ဆိုခွင့် ရရှိ မည်ဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ် တစ်ရပ်ထပ်တိုးချုပ်ဆိုရန် သဘောတူညီမှု ရရှိထားခြင်းမရှိကြောင်းလည်း သိရသည်။
မန်ယူအသင်းကမူ အသင်းအတွက် အားထားရသည့် ဂိုးသမားဒီဂီယာအား ၂ဝ၂ဝ ပြည့်နှစ်အထိ စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆို ရန်စီစဉ်လျက်ရှိပြီး ပီအက်စ်ဂျီအသင်းကမူ ဒီဂီယာအား တစ်ပတ်ပေါင် သုံးသိန်းပေးမည် ဟုလည်း ဆိုသည်။
ငွေကြယ်

No comments:

Post a Comment