Tuesday, November 27, 2018

ချောင်းဆုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

Image may contain: one or more people, people standing and outdoor
မော်လမြိုင် နိုဝင်ဘာ ၂၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာ ရွာသစ်ရပ်ကွက်(၄)ဦးကျော်ကျော်ဇင်နေအိမ်ရှိ တီဗွီ ပလပ်ခုံအပူလွန်ကဲရာမှ နိုဝင်ဘာ ၂၆ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၎င်းနေအိမ် အပါအဝင် နေအိမ်ငါးလုံး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ချောင်းဆုံ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များ၊ ချောင်းဆုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နတ်မှော် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွား သည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ မီးပေါ့ဆသူ အိမ်ရှင် ဦးကျော်ကျော် ဇင်ကို ချောင်းဆုံမြို့မ ရဲစခန်းက အရေး ယူဆောင်ရွက်ထား ကြောင်း သိရသည်။
ကိုထွဋ်(မော်လမြိုင်)

No comments:

Post a Comment