Wednesday, November 7, 2018

ကမာရွတ်မြို့နယ်၌ ကျောက်မျက်ရတနာရွှေထည်ပစ္စည်း ခိုးယူသူကို ဖမ်းဆီးရမိ

Image may contain: one or more people and people standing
ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၌ ကျပ်သိန်း ၆ဝဝဝ ကျော်တန်ဖိုးရှိ ကျောက်မျက်ရတနာ ရွှေထည် ပစ္စည်းများ ခိုးယူသွားသူအား သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၂ နာရီတွင် ဒေါ် .....သည် ကမာရွတ်မြို့နယ်ရှိ နိုဗိုတယ်ဟိုတယ်တွင် ရောက်ရှိနေစဉ် ၎င်းနှင့် အတူ ပါလာသည့် အိမ်အကူ အမျိုးသမီးအား နေအိမ်၌ထားရှိသည့် ကျောက်မျက်ရတနာပစ္စည်း များကို ယာဉ်မောင်း ကျော်သူရနှင့်အတူ သွားရောက်ယူခိုင်းခဲ့ပြီးနောက် ဒေါ်-------က အိမ်အကူ အမျိုးသမီးအား ကျောက်မျက်ရတနာ ပစ္စည်းများကို ကားပေါ် သွားရောက်ထားခိုင်း ခဲ့ကြောင်း၊ ထို့နောက် ဒေါ်---- နှင့် အိမ်အကူ တို့သည် ကားရှိရာသို့ ပြန်လာခဲ့ရာ ယာဉ်မောင်း ကျော်သူရမှာ ကား၌ မတွေ့ရှိ၍ ဖုန်းဆက်သော် လည်း စက်ပိတ်ထားပြီး ကားပေါ်တွင်ထားရှိသည့် ကျပ်သိန်း ၆ဝဝဝ ကျော်တန်ဖိုးရှိ ကျောက်မျက် ရတနာရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေသဖြင့် ကျော်သူရအား ဥပဒေအရအရေးယူပေးရန် ကမာရွတ် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။
ပြစ်မှုကျူးလွန်သူ ကျော်သူရအား အောက်တိုဘာ ၂၈ ရက် ည ၈ နာရီတွင် ကမာရွတ်မြို့နယ် (၃) ရပ်ကွက်၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိပြီး စစ်ဆေးရာ ၎င်းသည် ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်းများအား ခိုးယူခဲ့ကြောင်း၊ ယခင်က ရင်းနှီးခဲ့သူ ကြည့်မြင်တိုင်မြို့နယ်နေ ရွှေပန်းထိမ် ဆရာ အောင်သူမျိုး(ခ)သားကြီးထံတွင် ကျောက် မျက်ရတနာရွှေထည်ပစ္စည်းထဲမှ အချို့အား အပ်နှံ ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ည ၁၁ နာရီတွင် အောင်သူမျိုး(ခ) သားကြီးအား ၎င်း၏နေအိမ်တွင် သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကျော်သူရနှင့် အောင်သူမျိုး (ခ)သားကြီးတို့အား အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment