Wednesday, November 7, 2018

လာမည့်ပွဲစဉ်တွင် ဝက်ဖို့ဒ်အသင်းကို ဆောက်သမ်တန်အသင်း ရှုံးနိမ့်ခဲ့ပါကနည်းပြ မာဟုခ်ျကို ဆောက်သမ်တန်အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်မည်

Image may contain: 3 people, outdoor and text
ဆောက်သမ်တန်အသင်းသည် လာမည့်ပရီမီယာလိဂ်ပွဲစဉ်အဖြစ် ဝက်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ အဆိုပါပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပါက နည်းပြမာဟုခ်ျကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်မည် ဖြစ်ကြောင်း သိရသည်။
နည်းပြမာဟုခ်ျသည် ယခုနှစ်ပရီမီယာလိဂ်ဘောလုံးရာသီတွင် စက်တင်ဘာ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့အသင်း နှင့် ပွဲစဉ်တွင်သာ နိုင်ပွဲရရှိအောင် ဆောက်သမ်တန်အသင်းအတွက် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပရီမီယာလိဂ်အမှတ်ပေးဇယားတွင်လည်း တန်းဆင်းဇုန်အထက် တစ်မှတ်အကွာအနေအထားတွင် ရောက်ရှိနေ သည်။
ထို့ကြောင့် ဆောက်သမ်တန်အသင်းဘုတ်အဖွဲ့က ယခုသီတင်းပတ် ကုန်တွင် ကစားရမည့် ဝက်ဖို့ဒ်အသင်းနှင့် ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့မည်ဆိုပါက နည်းပြမာဟုခ်ျကို ထုတ်ပယ်မည်ဟုဆိုသည်။ ထိုသို့နည်းပြမာဟုခ်ျကို ထုတ်ပယ်ခဲ့မည်ဆိုပါက ဆောက်သမ်တန်အသင်းနည်းပြအဖြစ် ဒေးဗစ် မိုယက်နှင့် ဆမ်အလာဒွိုက်စ်တို့ဖြစ်လာဖွယ်ရှိကြောင်းလည်း သတင်း များ ထွက်ပေါ်လျက်ရှိသည်။ ဆောက်သမ်တန်အသင်းသည် ယခုနှစ် ဘောလုံးရာသီ၏ ပရီမီယာလိဂ်ပွဲစဉ် ၁၁ ပွဲကစားအပြီးတွင် သွင်းဂိုး ခုနစ်ဂိုးသာသွင်းယူထားနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်လကျော်ကြာအတွင်း လိဂ်ပွဲစဉ်တစ်ပွဲမှ နိုင်ပွဲရရှိထား ခြင်းမရှိသေးဘဲ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်တွင်လည်း မန်စီးတီး အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မာဟုခ်ျသည် ပြီးခဲ့သည့်ဘောလုံးရာသီကုန်ခါနီး မတ်လအတွင်း က နည်းပြပယ်လီဂရီနီ၏နေရာတွင် အစားထိုးကာ ဆောက်သမ်တန် အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ဆောက်သမ်တန်အသင်း ကိုလည်း တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်အောင်စွမ်း ဆောင်ပေး နိုင်ခဲ့သူဖြစ်သည်။ သို့ရာတွင် ယခုနှစ်ဘောလုံးရာသီတွင်မူ အသင်း အတွက် ရလဒ်ကောင်းတစ်ခုဆောင်ကြဉ်းထားနိုင်ခဲ့ခြင်းမရှိသေးပေ။
ငွေကြယ်

No comments:

Post a Comment