Sunday, November 25, 2018

သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် သတင်းမီဒီယာသမားများ အရည်အသွေးတိုးတက်ရေး၊ သြဇာရှိသည့် သတင်းသမားကောင်းများ ပေါ်ထွန်းလာရေး အလေးအနက်ထားဆောင်ရွက်ရန်လိုအပ်

Image may contain: one or more people, screen and indoor
နေပြည်တော်   နိုဝင်ဘာ   ၂၄
သတင်းမီဒီယာ    ဖွံ့ဖြိုးတိုးတက်ရေး အတွက်   ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန   စုပေါင်းခန်းမ ၌ ကျင်းပသည်။   

အစည်းအဝေးသို့    ပြန်ကြားရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊     ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ     ဟံသာဝတီ- ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌများ  ဖြစ်ကြ သည့် ဒေါက်တာမျိုးသန့်တင်၊ ဦးကျော်နိုင် (ထက်မြက်)၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်   ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနနှင့်   လုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊    သတင်း မီဒီယာကောင်စီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပူးပေါင်းဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က  သတင်း မီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့တွင်   တူညီသည့်ရည်ရွယ်ချက် ရှိပြီး  ယင်းမှာ  သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ဖြစ်ပါ ကြောင်း၊  သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အခါအားလျော်စွာ   ညှိနှိုင်းဆွေးနွေး  ပူးပေါင်းဆောင်ရွက်မှု များလည်း ရှိခဲ့ပါကြောင်း။

သတင်းမီဒီယာ    ကောင်စီသည် သတင်းမီဒီယာသမားများ၏ အခွင့်အရေး များကို စောင့်ရှောက်ကာကွယ်ထိန်းသိမ်း ရန် တာဝန်ရှိသကဲ့သို့ သတင်းမီဒီယာ သည် အများပြည်သူကို သတင်းအချက် အလက်ပေးခြင်းနှင့်   အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်၍    သတင်းမီဒီယာသမားများ၏ ရေးသား ဖော်ပြမှုများသည်    အများပြည်သူအား  တစ်ဦးချင်းဖြစ်စေ၊   အဖွဲ့အစည်းများကို ဖြစ်စေ ထိခိုက်နစ်နာစေသည့်အနေအထား မျိုးရှိလာပါက   သက်ဆိုင်ရာ ထိခိုက်နစ်နာ သူက   ထိခိုက်နစ်နာမှုအတွက် တင်ပြ တောင်းဆိုလာလျှင် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးရေး       ဆိုသည့် တာဝန်တစ်ခုလည်း ပါရှိပါကြောင်း။
သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်ဆိုပါက    သတင်း မီဒီယာသမားများ၏   အရည်အသွေး တိုးတက်ရေး၊ သြဇာရှိသည့်   သတင်း သမားကောင်းများ ပေါ်ထွန်းလာရေးကို  အလေးအနက်ထား    ဆောင်ရွက်ရန် လည်း လိုအပ်ပါကြောင်းနှင့်   သင်တန်း များ ဖွင့်လှစ်ရန်လိုအပ်မှုတို့ကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင် လှထွန်းက    သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ကြားတွင် နီးကပ်ပြီး ပွင့်လင်းမြင်သာသည့် ပူးပေါင်း ဆောင်ရွက်မှုများရှိရန်   အရေးကြီးမှု၊ ပြောင်းလဲနေသည့်      ခေတ်စနစ်နှင့်  သဟဇာတဖြစ်အောင်       ပြုပြင်ပြောင်းလဲ ပြီး    ပူးပေါင်းလက်တွဲဆောင်ရွက်ရန်  လိုအပ်မှုတို့ကို  ဆွေးနွေးပြောကြားသည်။

မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
ဆက်လက်၍  မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ      ဟံသာဝတီ- ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြ သည့်     ဒေါက်တာမျိုးသန့်တင်နှင့် ဦးကျော်နိုင်တို့က         သတင်းမီဒီယာ ကောင်စီ၏ ဆောင်ရွက်ချက်များ၊ အောင် မြင်မှုများ၊ ကြုံတွေ့နေရသည့်   အခက် အခဲ၊ စိန်ခေါ်မှုများ၊ မီဒီယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်   အခြေအနေများ ကို ဆွေးနွေးကြသည်။

ယင်းနောက်    အစည်းအဝေးသို့ တက်ရောက်လာကြသည့်     သတင်း မီဒီယာကောင်စီဝင်များနှင့်   အမြဲတမ်း အတွင်းဝန်       ဦးမျိုးမြင့်မောင်တို့က   လုပ်ငန်းလိုအပ်ချက်များကို    ဆွေးနွေး တင်ပြကြသည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က    ဆွေးနွေးတင်ပြ ချက်များအပေါ်    ပြန်လည်သုံးသပ် အကြံပြုဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

               သတင်းစဉ်

No comments:

Post a Comment