Wednesday, November 7, 2018

ဂန့်ဂေါတွင် အားကစားပြိုင်ပွဲများကျင်းပ

Image may contain: one or more people, people playing sports and outdoor
ဂန့်ဂေါ နိုဝင်ဘာ ၆
၂ဝ၁၈ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသော အားဖြင့် ယနေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့ အားကစားကွင်းတွင် အားကစား ပြိုင်ပွဲများ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဆန်ကော ရွက်ပြိုင်ပွဲ စသည်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနား၌ ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment