Tuesday, November 27, 2018

အီးယူမှ ဗြိတိန်နုတ်ထွက်ရေး သဘောတူစာချုပ် ဥရောပခေါင်းဆောင် ၂၇ ဦးတို့က တရားဝင်အတည်ပြု

Image may contain: one or more people and crowd
ဘရပ်ဆဲလ် နိုဝင်ဘာ ၂၆
ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နိုင်ငံ နုတ်ထွက် ခြင်းဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို ဘရပ်ဆဲလ်မြို့၌ နိုဝင်ဘာ ၂၅ ရက်က ကျင်းပ သော ထိပ်သီးညီလာခံတွင် ဥရောပ ခေါင်း ဆောင် ၂၇ ဦးတို့က တရားဝင် အတည်ပြု ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက် ရေးနှင့် ပတ်သက်၍ တစ်နှစ်ခွဲကြာမျှ ဥရောပ နိုင်ငံများအတွင်း အကြိတ်အနယ် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီးနောက် စာမျက် နှာ ၆ဝဝ ပါဝင်သော စာချုပ်ကို နိုဝင်ဘာ ၂၅ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သော ထိပ်သီးညီလာခံတွင် တရားဝင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ကျင်းပ
၂ဝ၁၉ခုနှစ် မတ်လ ၂၉ရက်တွင် ဥရောပ သမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များကို အဆိုပါ စာချုပ်တွင် ဖော်ပြထားပြီး အနာဂတ်ကာလ လွတ်လပ်သော ကုန်သွယ်ရေးဆက်ဆံမှုပြုလုပ် ရေး ရည်မှန်းချက်ကို ဖော်ပြသည့် စာမျက်နှာ ၂၆ မျက်နှာပါဝင်သော ကြေညာချက်တစ်ရပ် ကိုလည်း ယင်းထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည်။
အီးယူနှင့် ဗြိတိန်အကြား သဘောတူထား သော မူကြမ်းနှစ်စောင်ကို ဆန်းစစ်သုံးသပ် နိုင်ရန် အီးယူခေါင်းဆောင်များသည် အထူး အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြသည်။
နုတ်ထွက်ရေး သဘောတူညီချက်နှင့် နိုင်ငံရေးကြေညာစာတမ်းတို့ကို ဥရောပ ခေါင်းဆောင်များက တရားဝင် လက်မှတ် ရေးထိုးခဲ့ကြပြီး အတည်ပြုခဲ့ကြကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်က ထိပ်သီးအစည်းအဝေးအပြီးတွင် သတင်း ထောက်များကို ပြောကြားသည်။
အကျိုးရနိုင်
မည်ကဲ့သို့သော ဆွေးနွေးညှိနှိုင်းမှုမျိုးတွင် မဆို လိုချင်သောအရာအားလုံးကို ရနိုင်မည် မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ က ပြောကြားသည်။ ဥရောပသမဂ္ဂမှ နုတ် ထွက်ခြင်းဖြင့် မိမိနိုင်ငံအနေဖြင့် အကျိုးစီးပွား ရရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။
ယင်းသဘောတူညီချက် စာချုပ်မူကြမ်းကို ဗြိတိန်ပါလီမန်နှင့် အီးယူပါလီမန်တို့၏ အတည်ပြုချက်များ ရရှိနိုင်ရန် တင်သွင်းသွား မည်ဖြစ်သည်။ ဗြိတိန်ပါလီမန်တွင် ဥရောပ သမဂ္ဂမှ ဗြိတိန်နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ မကျေနပ်မှုများ အဆက်မပြတ် ထွက်ပေါ် နေချိန်အတွင်း ဗြိတိန်ပါလီမန်က ယင်း သဘောတူညီချက်စာချုပ်ကို အတည်ပြုပေး မည်ဟုတ်၊ မဟုတ် လောလောဆယ်တွင် ရှင်းလင်းစွာ မသိရှိရသေးပေ။
အေအက်ဖ်ပီ

No comments:

Post a Comment