Friday, November 2, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ

Image may contain: 1 person, sitting, on stage and indoor

နေပြည်တော် နိုဝင်ဘာ ၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နေပြည်တော်၌ ကျင်းပလျက်ရှိသော (၁၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး (12th AMMTC) နှင့် ဆက်စပ်အစည်းအဝေးများ၌ တက်ရောက်နေကြသည့် အာဆီယံနိုင်ငံများမှကိုယ်စားလှယ်များ၊ တရုတ်၊ ဂျပန်နှင့်ကိုရီးယားသမ္မတနိုင်ငံတို့မှ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက (၁၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် ရလဒ်ကောင်းများ ရရှိအောင်ဆွေးနွေးကြကြောင်း၊ အောင်မြင်သည့် အစည်း အဝေးဖြစ်ကြောင်း ကြားသိရ၍ ဝမ်းမြောက်ပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများ၏ပူးပေါင်းဆောင်ရွက်မှု သည် အရေးကြီးပါကြောင်းနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုကလည်း အရေးပါပါကြောင်း၊ နိုင်ငံဖြတ်ကျော် မှုခင်းများသည် အရေးကြီးသဖြင့် အာဆီယံခေါင်းဆောင် များ အစည်းအဝေးများတွင် ဆွေးနွေးရသည့်ကိစ္စ တစ်ခုဖြစ်ပါကြောင်း၊ အကြမ်းဖက်ကိစ္စများကလည်း ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်လျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြား သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များဖြစ်ကြသည့် ဘရူနိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး The Honourable Pehin Datu Lailaraja Major General (Retd.) Dato Paduka Seri Awang Haji Halbi bin Haji Mohd.Yussof ၊ ကမ္ဘောဒီးယားနိုင်ငံမှSecretary of State H.E. Gen.Meach Sophana၊ အင်ဒိုနီးရှားနိုင်ငံ ရဲချုပ် H.E. Police General Prof. H. Muhammad Tito Karnavian ၊ လာအိုနိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Police Major General Somvang Thammasith ၊ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးချုပ်H.E. Dato' Alwi Bin Hj Ibrahim ၊ ဖိလစ်ပိုင်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနမှ Undersecretary H.E. General Bernardo C. Florece, Jr. (Retd.) ၊ စင်ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနမှ အဆင့်မြင့်လွှတ်တော်ရေးရာအတွင်းဝန်H.E. Amrin Amin ၊ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးH.E. Sutee Markboon ၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးH.E. Senior Lieutenant General Le Quy Vuong ၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Du Hang Wei ၊ ဂျပန်နိုင်ငံ အမျိုးသားရဲအေဂျင်စီ ဒုတိယ ရဲချုပ် H.E. Matsumoto Mitsuhiro ၊ ကိုရီးယားနိုင်ငံ တရားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Kim O-su နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Lim Jock Hoi တို့ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment