Friday, November 2, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုပ္ပားတောင်ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးရေးနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး


Image may contain: 16 people, people smiling, people standing, wedding and outdoor
နေပြည်တော် နိုဝင်ဘာ ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက်ပိုင်းတွင် ပုပ္ပားတောင်ကလပ်ရှိ ပြည်တော်အေးဆုတောင်းပြည့်စေတီတော်အား ဖူးမြော် ကြည်ညိုပြီး ပုပ္ပားတောင်ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ
ု ယနေ့နံနက် ၇ နာရီတွင် ပုပ္ပားတောင်ကလပ်ရှိ ပြည်တော်အေးဆုတောင်းပြည့်စေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး တို့ ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင် များသည် ပုပ္ပားတောင်ကလပ်ပေါ်ရှိ ဘုရား စေတီများကို ဖူးမြော်ကြည်ညိုကာ ပုပ္ပား ဒေသဖွံ့ဖြိုးမှုနှင့် စိမ်းလန်းစိုပြည်မှုအခြေအနေ များကို ကြည့်ရှုရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပုပ္ပားတောင် ရေရှည် တည်တံ့ရေး၊ ဖွံ့ဖြိုးရေးနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်း တင်ပြကြသည်။
ကွင်းဆင်းဆောင်ရွက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ ဝင်များနှင့်အတူ ပုပ္ပားတောင်ကလပ်ရှိ အောင်ဓမ္မာရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်း က အသင်းဖွဲ့စည်းထားရှိမှုနှင့် ဖွဲ့စည်းရသည့် ရည်ရွယ်ချက်၊ ဘူမိဗေဒဆိုင်ရာ လေ့လာတွေ့ရှိ ချက်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်နေမှုများ၊ ခါကာဘိုရာဇီ၊ အင်းတော်ကြီး၊ တွင်းတောင် (မုံရွာ)၊ ပုပ္ပားတောင်၊ ပင်းတယ၊ အင်းလေး ကန်နှင့် ဇွဲကပင်တောင်တို့ကို အမိကမ္ဘာ စခန်းသာအဖြစ် ဆောင်ရွက်သွားမည့် အခြေ အနေများနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆုံဟန်နှင့်အသင်းဝင် ဦးချိုဦး တို့က ပုပ္ပားတောင်ကလပ်ဆိုင်ရာ အချက် အလက်များ၊ မြေပြိုမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်း၊ နောင်တွင် မြေပြိုမှုများ မဖြစ်ပေါ်အောင် ကြိုတင်စီမံဆောင်ရွက်ရ မည့်လုပ်ငန်းများ၊ ကာကွယ်ထိန်းသိမ်းဆောင် ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သိရှိလိုသည် များကို မေးမြန်းပြီး ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည် အတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် မှာကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပုပ္ပားတောင်ဆိုင်ရာ အချက်အလက်များ၊ ပုပ္ပား တောင်ဥယျာဉ် သတ်မှတ်ဆောင်ရွက်နေမှု၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိမှု၊ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် အဆိုပြုတင်ပြနိုင်ရန်ဆောင် ရွက်နေမှု၊ ဥယျာဉ်အတွင်းရှိ သဘာဝရေထွက် စမ်းများတည်ရှိမှု၊ ထိန်းသိမ်းရေးလုပ်ငန်း များနှင့် သုတေသနစီမံကိန်းများ ဆောင်ရွက် နေမှု၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖော် ဆောင်ရန်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ နိုင်ငံ ဘူမိသိပ္ပံအသင်း ဒုတိယဥက္ကဋ္ဌဦးဆောင် သည့် အဖွဲ့များနှင့် ပုပ္ပားတောင်ချစ်သူများ အသင်းဥက္ကဋ္ဌ ဦးတိုးဦးဆောင်သည့် အဖွဲ့များ အား စကားဝါ ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံပြီး ပုပ္ပားတောင်ရေရှည်တည်တံ့ရေးနှင့် ပုပ္ပားဒေသ စိမ်းလန်းစိုပြည်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ပြန်လည်ရောက်ရှိ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင် များနှင့်အတူ အထူးလေယာဉ်ဖြင့် ညောင်ဦးမြို့ မှ ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည် တော်သို့ ပြန်လည်ရောက်ရှိကြသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပား တောင်သည် ဘူမိဖြစ်စဉ်အရ မီးတောင် ဟောင်းတစ်ခုဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝဝဝ ခန့်က ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း မီးငြိမ်းတောင်တစ်ခု အဖြစ် တည်ရှိနေခဲ့ကာ အပူပိုင်းဒေသအတွင်း စိမ်းလန်းစိုပြည်သော အိုအေစစ်တစ်ခုအသွင်ဖြစ်တည်နေခြင်းဖြစ် သည်။
မီးငြိမ်းတောင်ကြီးဖြစ်
အမြင့် ၄၉၈၁ ပေ မြင့်သည့် ပုပ္ပား တောင်မကြီးသည် မဟာဂီရိ(ကြီးမြတ်သော တောင်ကြီး)၊ သက္ကတဘာသာစကားဖြင့် ပုပ္ဖ တောင်(ပန်းပွင့်သောတောင်)၊ ပုဗ္ဗတောင် (အရှေ့အရပ်တောင်) စသည့်အမည်များဖြင့် သမိုင်းအစဉ်အလာအရ ကိုးကွယ်ယုံကြည်မှု များ၊ အလေးအမြတ်ထားမှုများ၊ စာပေလင်္ကာ ရေးသားဖွဲ့ဆိုမှုများနှင့်အတူ ထင်ရှားကျော် ကြားသည့် မီးငြိမ်းတောင်ကြီးဖြစ်သည်။
ဗြိတိသျှကိုလိုနီအစိုးရလက်ထက် ၁၉၂ဝ ပြည့်နှစ်က အမိန့်ကြော်ငြာစာဖြင့် ပုပ္ပားတောင် ကြိုးဝိုင်း ၂၉၅၆ ဧကကို စတင်ဖွဲ့စည်းထိန်း သိမ်းခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၅၄-၅၅ ခုနှစ်မှ စတင်၍ ပုပ္ပားတောင် ကြိုးဝိုင်း၏ အရန်သစ်တောနယ်မြေများကို ကာကွယ်တောအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ကာ သစ်တောဌာနက ဆက်လက်ထိန်းသိမ်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment